Main menu

Background

နယ်စပ်မှ ပြောင်းတင်ပို့မှု လျော့

Wed, 07/18/2012 - 05:32 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ် ရေးစခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၉၂၉ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၆၇၂၃ တန်ကျော်ကို ဇူလိုင် ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်းမှာ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်နဲ့နှိုင်းယှဉ်ပါက တန်ချိန် ၁၁၈၀ ကျော် တင်ပို့မှုလျော့ နည်းခဲ့ပါတယ်။ တစ်ဖက်နိုင်ငံမှ ပြောင်းတင်သွင်းမှုအား ကိုတာ သတ်မှတ်ထားခြင်း၊ တစ်ဖက်နိုင်ငံရဲ့ စိစစ်တားဆီးမှု အခြေအနေကိုကြည့်ပြီး တင်ပို့ရခြင်းတို့ကြောင့် ပြောင်းတင်ပို့ မှု လျော့နည်းရတယ်လို့ သိရပါတယ်။ နှစ်ဖက်မြေပြင် ပြောင်းဈေးများတော့ ယခင် အပတ်ထက် ပိုမိုလျက်ရှိပါတယ်။ ယခင်အပတ်နဲ့ ယခုအပတ်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်-                     မိမိဘက်(ကျပ်/တန်)                  တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု        ယခင်       ပြောင်းလဲမှု    %      ယခု    ယခင်    ပြောင်းလဲမှု    %    ၃၄၃၉၅၄    ၃၃၀၈၅၇      ၁၃၀၉၇        ၄      ၃၉၇      ၃၈၉             ၈       ၂    ပြောင်းဈေးများကောင်းလျက်ရှိပြီး ရှမ်းမြောက်၊ တောင်ကြီး၊ လားရှိုးနဲ့ မိတ္ထီလာ ဒေသထွက်ပြောင်းများ ကုန်သွယ်ရေးဇုန်ကို အဝင်များလျက်ရှိပါတယ်။ လက်ရှိ မူဆယ်ဈေးကွက်မှာ ပြောင်းအဝင်ရှိသလောက် တရုတ်ဖက်မှ အဆွဲပုံမှန်ရှိနေ တယ် လို့သိရပါ တယ်။ပြောင်းလက်ကျန်နည်းနေသော်လည်းတရုတ်ဝယ်အားရှိတာကြောင့် တင်ပို့နေရဆဲဖြစ်တယ်လို့ သိရှိရပါတယ်။                           MIRT(DOBT)