Main menu

Background

ကမ္ဘာ့သီးနှံများ အထွက်နှုန်းနှင့် ဈေးနှုန်းများ ရာသီဥတုအပေါ် မူတည်၍ အပြောင်းအလဲရှိနေ

Wed, 07/18/2012 - 05:39 -- Anonymous (not verified)

    ကမ္ဘာမှာ ကြံအများဆုံးစိုက်ပျိုးထုတ်လုပ်တဲ့ ဘရာဇီးလ်မှာ မိုး ရွာသွန်းမှုများခြင်းကြောင့် သကြားဈေးနှုန်းတွေ ၆လ အတွင်း အမြင့် ဆုံးဈေးနှုန်းကိုရောက်ရှိခဲ့တယ်။ ဇူလိုင် ၅ ရက်က နယူးယောက်မှာ သကြား ကြိုပွိုင့်ဈေးနှုန်းတွေက တစ်ပေါင်ကို ၂၂ ဒသမ ၆၉ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၅၀၀ ဝန်းကျင်) အထိ ရောက်ရှိလာ တယ်။ ၂၀၁၁ ခုနှစ်  စက်တင်ဘာကတည်း က ဈေးနှုန်းကျဆင်းခဲ့တဲ့ သကြားက ၂၀၁၂ ခုနှစ် ဇွန်လဆန်းမှစပြီး ဈေးနှုန်း ၁၉ ရာခိုင်နှုန်း မြင့်မားခဲ့တယ်။ ဘရာဇီးလ်နိုင်ငံရှိ  ကြံအဓိကစိုက်ပျိုးတဲ့ ဒေသတွေမှာ မိုးရေရရှိမှုပမာဏက သာမန်အထက် ပိုမိုခဲ့ခြင်းက ကြံအထွက်နှုန်း အတွက် စိုးရိမ်စရာဖြစ်စေခဲ့တယ်။ သီးနှံတွေရဲ့ ဈေးနှုန်းက ရာသီဥတု အပေါ်လည်းမှီခိုနေကြရာ ရာသီဥတုဈေးကွက် Weather Market   လို့ ပြောရမလို ဖြစ်နေတယ်လို့ လန်ဒန်ရှိ ဈေးကွက်သုတေသီတစ်ဦး က ပြောခဲ့တယ်။ အမေရိကန်မှာလည်း အပူလှိုင်းဒဏ်ကြောင့် သီးနှံ အချို့ပျက်စီးခဲ့ပြီး ပဲပုပ်နဲ့ ပြောင်းတွေဈေးမြင့်လျက်ရှိတယ်။Source:bloomberg.com,ပပ