Main menu

Background

ယခင်ရက်သတ္တပတ်ထက် ၆ ဆ တင်ပို့မှု မြင့်တက်တဲ့ ရော်ဘာ

Wed, 07/18/2012 - 05:42 -- Anonymous (not verified)

     ဇူလိုင် ၁ ရက်မှ ၇ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၃၈၂ တန်၊ တန်ဖိုး ဒေါ်လာ ၁ ဒသမ ၀၇၂ သန်းဖိုး တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်တင်ပို့မှုထက် ၆ ဆတင်ပု့ိနိုင်ခဲ့တာ ဖြစ်ပါတယ်။ တင်ပို့မှုတွေကတော့ တရုတ်ကို တန် ၂၀ နဲ့ ကိုရီးယားကို ၃၆၃ တန် တင်ပု့ိခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ရော်ဘာဈေးနှုန်း ကျဆင်းနေတာ အပြင် ရော်ဘာအထွက်ကျတဲ့ရာသီဖြစ်တာကြောင့် ဝယ်လိုအားရှိနေပေမယ့် တင်ပို့မှုနည်းနေသေးတာဖြစ်တယ်လို့ သိရပါတယ်။ တရုတ် နယ်စပ်ကတော့ တန် ၂၀၀ နီးပါး ပုံမှန်တင်ပို့နေတာ တွေ့ရပါတယ်။ (FOB) ရန်ကုန်ဈေးကတော့  RSS-3 တစ်တန်ကို ဒေါ်လာ (၂၈၀၀-၂၉၀၀)ကြားနဲ့ RSS-5 တစ်တန်ကို ဒေါ်လာ (၂၇၀၀-၂၈၀၀)ကြားဈေးပေါက်တယ်လို့ သတင်းရရှိပါတယ်။  K.Z.W