အိန္ဒိယရဲ့သဘာဝရော်ဘာဈေးနှုန်းက တာယာထုတ်လုပ်ရေးတွေရဲ့ ဝယ်လိုအားကောင်းလာတာကြောင့် ယခုရက် သတ္တပတ်အတွင်း မြင့်တက်ဖွယ်ရှိပြီး တောင်သူတွေလက်ထဲမှာ သိုလှောင်မှုတွေမြင့်တက်နေကြောင်း ကုန်သည်များက ပြောပါ တယ်။ တာယာထုတ်လုပ်ရေးတွေထံမှ ဝယ်လိုအားကောင်းနေပေမယ့် တောင်သူတွေက ၎င်းတို့ရဲ့လှောင်ကုန်တွေ ကိုထုတ် လိုက်မှ ဈေးနှုန်းမြင့်တက်မှာဖြစ်ပြီး လှောင်ကုန်တွေကို ကိုင်ထားတာ ကာလတာရှည် နေပြီဖြစ်တယ်လို့ အိန္ဒိယရော်ဘာ ကုန်သည်များဖက်ဒရေးရှင်း IRDF က ပြောကြားခဲ့ပါတယ်။ မေလကုန်မှာ သိုလှောင်မှု ၂၄၉၄၇၀ တန်ရှိပြီး ယခင်နှစ်ကာလ တူက ၁၈၇၇၅၀ တန်ရှိကြောင်း ရော်ဘာအသင်းရဲ့ စာရင်းများအရ သိရပါတယ်။ ရော်ဘာအများဆုံးထွက်တဲ့ကာရာလာ ဒေသမှာ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း မိုးပါးတာကြောင့် တောင်သူတွေအစေးထုတ်နှုန်းမြင့်ခဲ့တယ်လို့ (IRDF) ရဲ့ အသင်းဝင်များက ပြောကြားပါတယ်။ အရောင်းအဝယ်အကောင်းဆုံး ကြပ်တင်ရော်ဘာပြား RSS-4 ရဲ့ ဈေးနှုန်းက အဓိက ကော့တယန်ဈေးကွက်မှာ တစ်တန်ကို ၂၁၄၅၀၀ ရူပီး (၃၀၈၀ ဒေါ်လာ) ရှိတယ်လို့ သိရပါတယ်။ အိန္ဒိယကုန်စည်ဒိုင် (NMCE) မှာတော့ သြဂုတ်လအတွက်ဈေးနှုန်းက တစ်တန်ကို ၂၁၆၅၂၀ ရူပီး (၃၈၆၆ ဒေါ်လာ) ရှိတယ်လို့ သိရပါတယ်။ ကမ္ဘာ့စတုတ္ထအများဆုံး ရော်ဘာထုတ်လုပ်သူဖြစ်တဲ့ အိန္ဒိယက သဘာဝရော်ဘာကို ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ် ထံမှ တင်သွင်းပါတယ်။ ယခုဘဏ္ဍာနှစ်မှာတော့ အိန္ဒိယရဲ့ထုတ်လုပ်မှုက တန်ချိန် ၉၀၂၀၀၀ ရှိပြီး သုံးစွဲမှုတန်ချိန် ၉၇၇၀၀၀ ရှိနိုင်ကြောင်း သတင်းရရှိပါတယ်။ Source: livemint .com,K.Z.W
Background