ဇူလိုင်လ ဒုတိယပတ်အတွင်း ရန်ကုန်မြို့ ကားဈေးကွက်အခြေအနေ မှာ အရောင်းအဝယ်အေးနေပြီး ကားသစ်များအရောင်းမှာလည်း အသင့် အတင့်သာရှိကြောင်း သိရသည်။ ကားပွဲစားတန်းများတွင် လူစည်ကားနေ သော်လည်း အရောင်းအဝယ်ထင်သလောက်မဖြစ်ကြပဲ၊ ဖြစ်ခဲ့ပါကလည်း ခေါင်ကား၊ ကားသန့်များနှင့် စီအန်ဂျီသုံး ဗင်ကားသန့်များသာ အရောင်း အဝယ်ရှိနေကြောင်း သိရသည်။ လတ်တလော ဝိုင်းထဲရှိ ဈေးကွက်မှာ ယခင်ကဲ့သို့ ကြိုက်ရောင်း၊ ကြိုက်ဝယ် မဟုတ်သလို ကောင်းပေ့ညွှန်ပေ့ကားများ သာ ရောင်းထွက် နိုင်ပြီး၊ ကားသစ်များမှာ များသောအားဖြင့် အမည်ပေါက်မရရှိသဖြင့် စဉ်း စားဝယ်ယူမှုများသာရှိကြောင်း၊ ကားသန့်အများအပြားအား စိတ်ကြိုက် ရွေးဝယ်ယူခွင့်ရှိသည့် ကားအရောင်းပြခန်းများတွင်သာ ကြည့်ရှုသူများ လာသလိုအဝယ် လည်းများလာကြောင်း၊ နောက်ပိုင်းတွင် ကားအရောင်း ပြခန်းများမှာလည်း ဘဏ်အရစ်ကျငွေချေစနစ် များဖြင့် နှစ်ရှည်ကာလ အချိန်သတ်မှတ်ပေးကာ ကိုယ်ပိုင်ယာဉ်ဖြစ်စေ၊ အငှားယာဉ် (တက္ကစီ)ဖြစ် စေ ဝယ်ယူခွင့်ရရှိရေး ဆောင်ရွက်ပေး လာခြင်းအတွက်ေ ကြာင့်ပင် ဖြစ် ကြောင်း သိရသည်။ ကားတင်သွင်းခွင့်မူဝါဒများ ထပ်မံဖြေလျှော့လာပြီးနောက်ပိုင်းတွင် ကားအရောင်းအဝယ်များမှာ ယခင်နှစ်နှင့် စာလျှင် အေးနေပြီး လူအများ မှာ အပြောင်းအလဲများကြောင့် ထပ်မံဈေးကျခဲ့လျင်ဆိုသည့် အတွေး နှင့်ချိန်ဆ၍ မဝယ်ဘဲေ စာင့်ကြည့်နေကြသဖြင့် ကားအရောင်းအဝယ် ပို အေးလာရခြင်းဖြစ်ကြောင်း အပေါ်ဝိုင်းယာဉ်ဝယ်ရောင်း ကိုမြင့်ကျော်မှပြော သည်။ လတ်တလော အငှားယာဉ် (တက္ကစီ)ဈေးကွက်မှာ အကျဘက်သို့ ဦးတည်နေကာ ပြီးခဲ့သည့်လအတွင်း ထုတ်ပြန်ခဲ့သော ယာဉ်မူဝါဒသစ် ကြောင့် တက္ကစီယာဉ်ဟောင်း (အက္ခရာတစ်လုံးတည်း ယာဉ်ဟောင်း)များ အဝယ်မရှိဖြစ်သွားပြီး CNG သုံး တက္ကစီယာဉ်များသာ ကျပ်သိန်း ၆၀ ပတ်လည် ဈေးတန်းတစ်ရပ်ဖြင့်သာ အရောင်းအဝယ်ဖြစ်တော့ကြောင်း သိရသည်။ တက္ကစီမူဝါဒအသစ် သတ်မှတ်သည်မှာ မကြာသေးသဖြင့် ၎င်းယာဉ်အို/ဟောင်းတက္ကစီပိုင်ရှင်အများစုမှာ ငွေကြေးမပြည့်စုံမှုကြောင့် လည်းကောင်း၊ အက္ခရာတစ်လုံး တက္ကစီများ (က) တန်း၊ (ခ) တန်း လေလံ တက္ကစီကား ယာဉ်ဟောင်းများမှာ လတ်တလော နေ့စဉ်ဝင်ငွေရရှိရေး သာ ဦးတည်နေရသဖြင့် ရန်ကုန်မြို့တွင်း နေရာအနှံ့တွင် အို/ဟောင်းတက္ကစီ များသာ များပြားနေကြောင်း၊ ငွေကြေးတတ်နိုင်သည့် ကုမ္ပဏီများ၊ အစု အဖွဲ့များမြို့တော်တက္ကစီအဖြစ် အများအပြားတင်သွင်းလာမှသာ မြို့ပြ အင်္ဂါရပ်နှင့်ညီညွတ်လာမည်ဖြစ်၍ ဆောင်ရွက်စေလိုကြောင်း တက္ကစီအမြဲ ငှားရမ်းသုံးစွဲနေသူ ရန်ကုန်မြို့ခံတစ်ဦးမှ ပြောသည်။ SN
Background
