မူဆယ် - မန်း ကုန်စည်ပို့ဆောင်ခဲ့တဲ့ ၁၀ ဘီး၊ ၁၂ ဘီးယာဉ်များ အနားပေး ထားရကြောင်း ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများမှ သိရပါတယ်။" ခုချိန်မှာ ကုန်နည်းနေပြီး၊ တွဲကား (၁၆ ဘီး၊ ၁၄ ဘီး)ယာဉ်တွေကို မယှဉ် နိုင်လို့ ၁၀ ဘီး၊ ၁၂ ဘီး၊ ၆ ဘီးယာဉ်တွေနားထား ရတယ်။ ၁၀ ဘီးယာဉ်ပိုင် ရှင် (Owner) ဆို လုံးဝကို နားထားရ တယ်။ တွဲကားတွေနဲ့အမြတ်ခွန် ဆောင် ရတာချင်းတူပေမယ့် အကျိုးခံစားရတာ မတူတော့ မယှဉ်နိုင်ဘူး။ ဒီကားတွေက တန် ၃၀ ကျော်ကနေ ၅၃ တန်ထိ တင် နိုင်တော့ ကုန်ရတဲ့ဈေးနဲ့ တင်နိုင်တာ ပေါ့။ တစ်ပိဿာ ကျပ် ၉၀ ပေါက်ရင် ၈၅ ကျပ်နဲ့ လျှော့တင်တော့ ၁၂ ဘီး ယာဉ်တွေက မကိုက်တော့ဘူး။ မှန်လုံ ယာဉ်တွေကလည်း ခရီးသည်နည်း တော့ ရတဲ့ကုန်ကို ဖမ်းတင်ရတာပေါ့။ ဒီလမ်းကြောင်းပဲ လုပ်သာတော့ သင်္ဘောချတဲ့ကားတွေ၊ တွဲကားတွေပဲ အသွားများတယ်" လို့ ကုန်စည်ပို့ဆောင် ရေး ဂိတ်ပိုင်တစ်ဦးက ပြောပါတယ်။မန္တလေးမှ မူဆယ်ကို ဆန်နဲ့ပြောင်း ပုံမှန်တင်ပို့မှုရှိသော်လည်း ယခင်ကာလ ကထက် အတင်နည်းလာကြောင်း၊ ပဲတီစိမ်းတင်ပို့မှု လိုက်လာကြောင်း၊ ပရဆေးများနဲ့ ကြက်ဆူစေ့တင်ပို့မှု ပုံမှန် ရှိကြောင်း သိရပါတယ်။ သစ်သီးဝလံ ကုန်ချိန်ဖြစ်လို့ တင်ပို့မှု နည်းလာ ကြောင်းသိရပါတယ်။ ယွမ်ငွေသုံးစွဲအား နည်းပြီး ပြည်တွင်းကို တရုတ်ကုန်အဝင် မရှိသလောက်နည်းနေပါတယ်။အတက် ကုန်ဈေးမှာ တစ်ပိဿာကို ၈၅ ကျပ်၊ အဆင်းကုန် ဈေးတစ်ပိဿာ ၃၅ ကျပ် သာရှိပြီး၊ ယခုနှစ် ကုန်တင်ပို့ခနှုန်းမှာ အနိမ့်ဆုံးဈေးသာရရှိကြောင်း ကုန်စည် ပို့ဆောင်သူများထံမှသိရပါတယ်။ ဇူးဇူး
Background