လားရှိုးမြို့မှာ "ရွှေလားရှိုး'' ခရီးသည် ပို့ဆောင်ရေးမှ အထူးအဆင့်မြင့်ခရီး သည် ပို့ဆောင်ရေးအဖြစ် လားရှိုး-ရန်ကုန်ခရီးစဉ်အား ယာဉ်သစ် ထပ်မံ ဖွင့်လှစ်ပြေးဆွဲခြင်း အခမ်းအနားအား လားရှိုးမြို့၊ မန်ဆူ ခရီးသည်တင်ကား ဝင်းရှိ ရွှေလားရှိုးယာဉ်လိုင်းရုံးခန်းမှာ ၂၀၁၂ ခုနှစ် ဇူလိုင် ၉ ရက် နံနက် ၇ နာရီမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။၎င်းယာဉ်လိုင်းမှ အထူးဝန်ဆောင်မှု အနေနဲ့ လားရှိုး-ရန်ကုန် ခရီးစဉ်မှာ " ညစာ" ကို ရွှေလားရှိုုးမှ " Feel " စား သောက်ဆိုင်မှာ တာဝန်ယူကျွေးမွေး မယ့်အပြင်ညလယ်စာအဖြစ် လက်ဖက် ရည်၊ မုန့်နဲ့အအေးစတာတွေကို အထူး ဝန်ဆောင်မှု အဖြစ် ကျွေးမွေးမှာဖြစ်ပါ တယ်။ ခရီးသည် ထိုင်ခုံများမှာလည်း တစ်ယောက်ထိုင်သီးသန့်ဖြစ်လို့ အိပ်စင် ပုံစံနဲ့ သက်သောင့်သက်သာ ခရီးသွား နိုင်ကာ ယာဉ်ပေါ်မှာ ဖျော်ဖြေရေးအစီ အစဉ်အနေနဲ့ သီချင်းများကို မိမိ ကြိုက်နှစ်သက်ရာ မြန်မာ၊ ရှမ်း၊ တရုတ် နဲ့ အင်္ဂလိပ်သီချင်းများကို နားကြပ်နဲ့ သီးသန့်နားဆင်နိုင်မှာ ဖြစ်ပါတယ်။ ယာဉ်စီးနင်းနေစဉ်အတွင်း ခရီးသည် များရဲ့ ကျန်းမာရေးကိစ္စ အဆင်ပြေစေ ရန်အတွက် ယာဉ်အတွင်းမှာဘဲ သန့် စင်ခန်းတစ်ခန်းပါရှိမှာဖြစ်ပြီး၊ ခရီးသည် များကျန်းမာရေး အတွက် ဆေးသေတ္တာ များ ထားရှိပေးထားမှာ ဖြစ်ပါတယ်။ ထို့အပြင် ခရီးသည်များ ဆက်သွယ်ရေး အဆင်ပြေစေရန်အတွက် ကားပေါ်မှာCDMA Phone များ ထားရှိပေးထား ပြီး ညအိပ်စင်အသုံးပြုရန် ခေါင်းအုံးနဲ့ ခြုံစောင်များ ပါရှိမှာဖြစ်ပါတယ်။အခြား ဝန်ဆောင်မှုအနေနဲ့ ခရီး သည်များ လုံခြုံရေးအတွက် ကျွမ်းကျင် သော ယာဉ်မောင်းများနဲ့ ဆက်ဆံရေး ပြေပြစ်သော ဝန်ထမ်းများသာ ခန့်အပ် ထားခြင်း၊ ရန်ကုန်-လားရှိုး အသွား အပြန်လက်မှတ် ခုံ ၂၀ ပြည့်တိုင်း မေတ္တာလက်ဆောင်လက်မှတ် တစ်ခုံ အပြင် ၅ရာခိုင်နှုန်း Discount ကတ်နဲ့ အသွားအပြန် လက်မှတ် ခုံ ၅၀ ပြည့် တိုင်း ၁၀ ရာခိုင်နှုန်း Discount ကတ် များပေးခြင်း၊ ရန်ကုန်နဲ့လားရှိုးမြို့များမှာ ဖုန်းနဲ့လက်မှတ်မှာယူလိုပါက အိမ်တိုင် ရာရောက် (အခမဲ့) ပို့ဆောင်ပေးခြင်းနဲ့ ရန်ကုန်မြို့ အောင်ဆန်းကွင်းမှာလည်း ခရီးသည်များ အဆင်ပြေစေရန် ဖယ်ရီ ကြို/ပို့ပေးခြင်းတို့ကို ပါ ဆောင်ရွက် ပေးသွား မှာဖြစ်ပါတယ်။" ရွှေလားရှိုး" အထူးအဆင့်မြင့် ခရီးသည်ပို့ဆောင်ရေး မှန်လုံယာဉ် များရဲ့ နေ့စဉ်ယာဉ်စတင် ထွက်ခွာချိန် မှာ ရန်ကုန်မှ လားရှိုးသို့ ညနေ ၁ရး၀၀ နာရီမှာ လည်းကောင်း၊ လားရှိုးမှ ရန် ကုန်သို့ နေ့လယ် ၁၂း၃၀ နာရီမှာလည်း ကောင်း ထွက်ခွာကြမှာဖြစ်ပါတယ်။ ယာဉ်လိုင်းကို ဆက်သွယ်ရမယ့် ဖုန်း နံပါတ်များကတော့ ရန်ကုန်မြို့မှာ ၀၉-၇၃၁၄၆၄၆၇၊ ၀၉-၇၃၁၄၆၄၆၈၊ ၀၉-၇၃၁၄၆၄၆၉ တို့ဖြစ်ပြီး၊ လားရှိုးမြို့မှာ ၀၈၂-၃၀၇၇၀၊ ၀၉-၄၇၃၀၁၈၅၄၊ ၀၉-၄၉၃၃၆၀၈၆ တို့ဖြစ်ကြောင်းသိရှိရပါ တယ်။ ဝင်းမြင့်ဦး
Background