Main menu

Background

အကျဈေးဖြင့် ငြိမ်နေတဲ့ မန်း-မူဆယ် ကုန်တင်ခ

Wed, 07/18/2012 - 06:18 -- Anonymous (not verified)

       မန္တလေး-မူဆယ်လမ်းကြောင်း ကုန်စည်ပို့ဆောင်ခဈေးနှုန်းများ အကျဈေးနဲ့ငြိမ်နေကြောင်း သိရပါတယ်။ ယခုရက်ပိုင်းအတွင်း သီးနှံများအရောင်းအဝယ်ဖြစ်မှုအေးခြင်း၊ မူဆယ်တင်ပို့မှုမှာ ယခင်လများထက် ကုန်နည်းခြင်း၊ နောက်တွဲကားများနဲ့ တင်ပို့မှုများ လာခြင်းများကြောင့် ကုန်ရရှိမှုနည်းခြင်း၊ အဆင်းကုန်ရှားခြင်းများကြောင့် ကုန်စည် ပို့ဆောင်ခဈေးမှာ တွက်ခြေကိုက်မှုနည်းကြောင်း ကုန်စည်ဂိတ်များရဲ့ ပြောပြချက်အရသိရှိရပါတယ်။ ကုန်စည်ပို့ဆောင်ခအနေနဲ့ ယခင်နဲ့ ယခုလဈေးကွာခြားမှုမရှိဘဲ ကုန်ကျစ်တစ်ပိဿာ(အတက်) ၈၀ ကျပ်နဲ့ ၉၅ ကျပ်ဈေး၊ အဆင်းကုန်တစ်ပိဿာ ၃၅ ကျပ်နဲ့ ၄၅ ကျပ်ဈေးသာရှိကြောင်း သိရပါတယ်။ ကုန်စည်ပို့ဆောင်ခ များအနေနဲ့ ကျန်လမ်းကြောင်းများမှာလည်း ကုန်ရရှိမှုနည်းကာ အကျဆေးနဲ့ငြိမ်နေကြောင်း သိရပါတယ်။                                        ယဉ်ယဉ်ရွှေ