Main menu

Background

ပြည်ပ ပို့ကုန် ကော်ဖီ

Wed, 07/18/2012 - 06:33 -- Anonymous (not verified)

        ကော်ဖီ (Coffee) ဆိုသည့် အင်္ဂလိပ်စကား လုံးသည် ဒတ်ချ်ဘာသာစကား (Koffie) မှဆင်း သက်လာခြင်းဖြစ်ပါ တယ်။ ကော်ဖီပင်ကို အာရေ ဗျနှင့် အီသီယိုပီးယားတို့တွင် စတင်တွေ့ရှိခဲ့ပါ တယ်။ ကမ္ဘာပေါ်တွင် ကော်ဖီကနိုင်ငံပေါင်း ၈၀ ကျော် စိုက်ပျိုးလျက်ရှိပြီး ကမ္ဘာ့ကုန်သွယ်ရေးတွင် အများဆုံးကုန်သွယ်မှုပြုနေသည့်  လယ်ယာထွက် ကုန်များအနက် မလှော်ရသေးသည့်  သဘာ၀ ကော်ဖီစေ့မှာ တစ်ခုအပါအဝင်ဖြစ်ကြောင်း တွေ့ရှိ ရပါတယ်။ပထမဆုံးကော်ဖီတိုးချဲ့စိုက်ပျိုးမှုကို အာရပ် ဒေသတွင် စတင်ခဲ့ပြီး  စတင်သောက်သုံးသည့် အထောက်အထားကို ၁၅ ရာစု အလယ်ပိုင်းတွင် စတင်တွေ့ရှိခဲ့ပါတယ်။ အီတလီ၊ဥရောပ၊ အင်ဒိုနီး ရှားနှင့် အမေရိကန်ပြည်ထောင်စုသို့ ပျံ့နှံ့သွားပြီး ယခုအခါ ကော်ဖီယဉ်ကျေးမှုသည် တစ်ကမ္ဘာလုံး သို့ ပျံ့နှံ့သွားပြီဖြစ်ပါတယ်။ သဘာဝကော်ဖီကို ယခုအခါ အနောက်ဥရောပနိုင်ငံ များတွင်သာမက အရှေ့အာရှနိုင်ငံများတွင်ပါ တွင်တွင်ကျယ်ကျယ် သောက်သုံးလာကြပါပြီ။ဘရာဇီးနိုင်ငံသည် ကမ္ဘာ့ကော်ဖီထုတ်လုပ် မှုတွင် ထိပ်ဆုံးမှဦးဆောင်ပါဝင်ပြီး ကမ္ဘာပေါ်တွင် ဘရာဇီးနိုင်ငံနှင့် အနောက်အိန္ဒိယကျွန်းစုတို့အပြင် ကော်ဖီကို အကြီးအကျယ်စိုက်ပျိုးသော ဒေသ များမှာ အမေရိကတိုက်အလယ်ပိုင်း၊ မက္ကဆီကို၊ အာရေဗျကျွန်းဆွယ်၊ အာဖရိကတိုက်နှင့် အိန္ဒိယ နိုင်ငံရှိ အချို့ဒေသများ၊ သီဟိုဠ်ကျွန်း၊ ဆူမားတြား ကျွန်း၊ ဂျားဗားကျွန်းနှင့် ပစိဖိတ်သမုဒ္ဒရာရှိ ကျွန်း များဖြစ်ကြပါတယ်။ကော်ဖီကို အစေ့မှစိုက်ပျိုးပြီး မိုးရာသီတွင် စတင်စိုက်ပျိုးပါတယ်။  အများဆုံးစိုက်ပျိုးသည့် မျိုးစိတ် နှစ်မျိုးမှာ အာရေဗီကာနှင့် ရိုဘက်စတာ တို့ဖြစ်ပြီး အာရေဗီကာကို  အာရပ်ဒေသတွင် အဓိကစိုက်ပျိုးပြီး ရိုဘက်စတာကို တောင်အာဖ ရိကနှင့် ဘရာဇီးတို့တွင် အဓိကစိုက်ပျိုးကြပါတယ်။ရိုဘက်စတာထက်  အာရေဗီကာကော်ဖီကို လူ ကြိုက်များသည့် အတွက်  ကော်ဖီစိုက် ပျိုးမှု၏ လေးပုံသုံးပုံမှာ အာရေဗီကာကော်ဖီမျိုး  ဖြစ်ပါ တယ်။မြန်မာနိုင်ငံတွင် အာရေဗီကာကော်ဖီမျိုးကို ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည် နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည် နယ်တို့တွင်စိုက်ပျိုးပြီး ရိုဘက်စတာကော်ဖီမျိုးကို ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်စိုက်ပျိုးကြပါတယ်။မြန်မာနိုင်ငံမှ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှ ၂၀၁၂-၂၀၁၃ (ဇွန်လ၂၉ရက်နေ့ထိ) စင်ကာပူ၊ တောင်ကိုရီးယား ပြင်သစ်၊ ဂျာမဏီနိုင်ငံများသို့ တင်ပို့ခဲ့ပြီးပင်လယ်ရေကြောင်းမှ ကော်ဖီစေ့တင် ပို့မှုအနေနှင့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် (၁၀၉ ဒသမ ၅) တန်၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် (၁၃၂ ဒသမ ၃၃၂) တန်၊၂၀၁၂-၂၀၁၃ (ဇွန်လ ၂၉ ရက်နေ့ထိ) သုံးတန်သာ တင်ပို့ခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မှထွက်ရှိသော အာရေဗီကာကော်ဖီစေ့သည် ကင်ညာနိုင်ငံမှ စိုက် သော ကော်ဖီစေ့အရည်အသွေးနှင့် အနီးစပ်ဆုံး တူသည်ဟု သိရှိရပါတယ်။ အရည်အသွေး စဉ် ဆက်မပြတ် ထိန်းသိမ်းရန်၊ တစ်သမတ်တည်း ဖြစ်ရန်နှင့် အလျင်မီရရှိနိုင်ရန် စသည့်အခက်အခဲ များရှိနေသေးသဖြင့် ပြည်ပမှ ကော်ဖီမှုန့်ကုန်ကြမ်း၊ Insant Coffee မှုန့်များကို တင်သွင်းနေရဆဲ ဖြစ် ပါတယ်။မြန်မာ့ကော်ဖီအနေနှင့်  သွင်းကုန်အစား ထိုးထုတ်ကုန်ပစ္စည်းဖြစ်ရန်နှင့် ရရှိပြီးသော ဈေး ကွက်သာမက နိုင်ငံတကာေ ဈးကွက်သို့ထိုးဖောက် ဝင်ရောက်နိုင်ရန်အတွက် စိုက်ပျိုးထုတ်လုပ်သူများ နှင့်စုဆောင်းရောင်းဝယ်ကြမည့်  ကုန်သည်များ အား မိမိတို့ရောင်းချမည့် ကုန်ပစ္စည်းနှင့် အရည် အသွေးကို နိုင်ငံတကာစံချိန်စံညွှန်း ပြည့်မီအောင် တင်ပို့နိုင်ရေး  ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ် ပါသည်။                 ခင်စန်းဝင်း