Main menu

Background

ကျိုက်လတ်မြို့နယ်ဆန်စပါး အထူးပြုကုမ္ပဏီလီမိတက်မှ တောင်သူများနဲ့ တွေ့ဆုံပြီး ဓာတ်မြေသြဇာသုံးစွဲမှု တစ်ဧကအထွက်တိုးရေးအတွက် နည်းပညာပေး

Wed, 07/18/2012 - 06:34 -- Anonymous (not verified)

      ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့မိုးစပါး စိုက်ပျိုးမှုမှာ ဓါတ်မြေသြဇာ အချိုးကျသုံးစွဲရေးနဲ့ တစ်ဧကအထွက်တိုးရေးအတွက် ဇူလိုင် ၁၀ ရက်က ကျိုက်လတ် ဆန်စပါးအထူးပြုကုမ္ပဏီလီမိတက်နဲ့ TPIS ဝန်ထမ်းများပူးပေါင်းကာ  ဒေသခံတောင်သူများအား ဆန်စပါး အထူးပြုကုမ္ပဏီရုံးခန်းမှာ တွေ့ဆုံပြီး  နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။ဆန်စပါးအထူးပြုကုမ္ပဏီအနေနဲ့ ပြီးခဲ့တဲ့လကစပြီး တောင် သူများအား မိုးရာသီစိုက်ပျိုးစရိတ်အဖြစ် တောင်သူ ၂၄၀ ဦး၊ ကျေးရွာ အုပ်စု ၃၂ အုပ်စု၊ ၃၃၉၁ ဧကနဲ့  တစ်ဧကကို ၄၀၀၀၀ ကျပ်နှုန်းနဲ့ ကျပ်သိန်း ၁၃၅၆ ဒမသ ၂ ပံ့ပိုးခဲ့ပြီး၊ လယ်ယာကုန်ထုတ်အသင်း အတွက်ကိုလည်း အထူးပြုကုမ္ပဏီမှ ဆူးဂဏန်းကျေးရွာရှိ တောင်သူ ၇၂ ဦး၊ ၄၅၉ ဧကနဲ့ တစ်ဧကကို ၁၀၀၀၀ ကျပ်နှုန်းနဲ့ ကျပ် ၄၅ သိန်း ၉ သောင်းတို့ကို ပံ့ပိုးခဲ့တယ်လို့ သိရပါတယ်။" မနှစ်က အတွေ့အကြုံအရစိုက်ခင်း၊ ကြံခင်းများမှာ အထွက် နှုန်း လျော့နည်းတယ်ဆိုတာက ရေကြီးတာတို့၊ မိုးရွာသွန်းရက် နည်းတာတို့၊ အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့တာတို့ ဒါတွေက သဘာဝဘေးအန္တရာယ်နဲ့ ဖြစ်တာအပြင် တောင်သူအချို့ဟာ ဓာတ် မြေသြဇာကို အချိုးကျနည်းစနစ်မှန်မှန် သုံးစွဲမှုမရှိကြတာကို တွေ့ရပါ တယ်။ ကုမ္ပဏီအနေနဲ့လည်း အတတ်နိုင်ဆုံး တောင်သူတွေရဲ့ လို အပ်ချက်ကို ဖြည့်ဆည်းပေးနေပါတယ်။ နိုင်ငံတော်က ဓာတ်မြေသြ ဇာကို ထုတ်ပေးနိုင်ရင်တော့ တောင်သူတွေအတွက် ဈေးသက်သက် သာသာနဲ့ရပြီး မိမိတို့ရဲ့လယ်ယာတွေမှာ သုံးနိုင်တာပေါ့၊ နွေစပါး စိုက်ပျိုးစရိတ်ကိုလည်း ပံ့ပိုးသွားမှာပါ။ နွေစပါးကျတော့ ဓာတ်မြေသြ ဇာကိုသုံးရတယ်။ နွေစပါးမှာလည်း အခုအခမ်အနားမှာ ရှင်းပြတဲ့ နည်းစနစ်အတိုင်း အချိုးကျကျသုံးစွဲကြပါ" လို့ ဆန်စပါးအထူးပြု ကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးမောင်မောင်တိုးက ပြော ကြားသွားကြောင်း သိရပါတယ်။                  မင်းဇော်မွန်