Main menu

Background

ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာသည်နှင့်အညီ ကုမ္ပဏီလုပ်ငန်းရှင်များ လုပ်ထုံးလုပ်နည်းများ ပိုမိုသိရှိရန်လိုအပ်

Wed, 07/18/2012 - 06:36 -- Anonymous (not verified)

       ကုမ္ပဏီလုပ်ငန်းရှင်အချို့ဟာ ကုမ္ပဏီလုပ်ထုံးလုပ်နည်းများ နားလည်ခြင်းမရှိသေးသည်ကို တွေ့နေရ ကြောင်း၊  OSS ဌာနများနှင့် လစဉ်အစည်းအဝေးများပြုလုပ်ပြီး လုပ်ငန်းများပေါင်းစပ်ညှိနှိုင်းကာ ကုန်သွယ် မှုချောမွေ့စေရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ကုမ္ပဏီများအနေနဲ့ လုပ်ငန်းများဆောင်ရွက်ရာမှ " ကားသမားအေဂျင့်" များနဲ့ ဆောင်ရွက်လျက်ရှိနေကြောင်း၊ ၎င်းအေဂျင့်များဟာ တရားဝင်လိုင်စင် ရရှိထားရန်လိုအပ်မည်ဖြစ်ပြီး ဆောင်ရွက်သည့်ကိစ္စများ မှားယွင်းပါကကုမ္ပဏီတွင်သာ တာဝန်ရှိမည်ဖြစ် ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများ နောင်တွင်ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်၍ ကုမ္ပဏီလုပ်ငန်းရှင်များအနေနှင့် လုပ်ထုံးလုပ်နည်းများ သိရှိနားလည် သဘောပေါက်ရန်လိုအပ်ကြောင်း၊   OSS ဌာနများ၏ လုပ်ထုံးလုပ်နည်း များကို အချိန်မရွေးတွေ့ဆုံမေးမြန်းနို င်ကြောင်း ဇူလိုင် ၂ ရက်က ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေး စခန်းမှာပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ ချင်းရွှေဟော် နယ်စပ်ကုန် သွယ်ရေးစခန်း တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဖေကြိုင်က ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။  Source:  နကသ (ချင်းရွှေဟော်) MIRT (DOBT)