ဘဏ်စနစ်ကို အကျိုးရှိစွာ ပြည့်ပြည့်၀၀ အသုံးချတတ်ဖို့လို
ငွေရေးကြေးရေး ဝန်ဆောင်မှုကဏ္ဍ များကို ဆောင်ရွက်ပေးနေတဲ့ ဘဏ် လုပ်ငန်းများဟာ စီးပွားရေးဖွံ့ဖြိုး တိုး တက်မှုအတွက် အရေးပါတဲ့ အခန်း ကဏ္ဍမှာ ပါဝင်နေရာ ထိရောက်စွာ အထောက်အကူပြုနိုင် ဖို့ နိုင်ငံတကာ ဈေးကွက် ယှဉ်ပြိုင်နိုင်ဖို့ စွမ်းရည်မြင့်မား တဲ့ ဘဏ်လုပ်ငန်းဖြစ်အောင် ဆောင် ရွက်လျက်ရှိတာကို တွေ့နေရပါတယ်။ အခုဆိုရင် ပုဂ္ဂလိကဘဏ် အချို့သာ နိုင်ငံခြားငွေ ရောင်းဝယ်လဲလှယ်ခွင့်၊ နိုင်ငံခြားငွေစုစာရင်း ဖွင့်လှစ်ဆောင် ရွက်ခွင့်များရရှိထားပြီးအကောင် အထည် ဖော်ခြင်းများအနေနဲ့ မလေးရှား၊ စင်ကာပူ၊ ထိုင်းနိုင်ငံဘဏ်များနဲ့ ချိတ် ဆက် ထားပြီး ငွေလွဲှပို့ခြင်းများ အဆင် ပြေေ အာင် ဆောင်ရွက်လျက်ရှိတာ တွေ့ရပါတယ်။နိုင်ငံတကာက ပုဂ္ဂလိကဘဏ်များ မြန်မာနိုင်ငံမှာ ဘဏ်ခွဲဖွင့်လှစ်ဖို့ စိတ် ဝင်စားမှုများရှိနေလို့ ဘဏ်လုပ်ငန်းရှင် များရော သုံးစွဲသူလုပ်ငန်းရှင်များကပါ ဘဏ်စနစ်ကို အကျိုးရှိစွာ ပြည့်ပြည့်၀၀ အသုံးချတတ်ဖို့လိုလာမှာ ဖြစ်ပါတယ်။ အပ်ငွေစာရင်း ပိုင်ရှင်များဟာ ငွေစု ဘဏ်အပ်ငွေနဲ့ စာရင်းရှင်အပ်ငွေတွေ တို့ကို ချိတ်ဆက်ပြီး၊ ချက်လက်မှတ်ကို အသုံးပြုခြင်းဟာ ငွေသားပေးေ ချ ဆောင်ရွက်ခြင်းထက် အသုံးဝင်အဆင် ပြေကြောင်း သိရှိကြပေမယ့် ချက်လက် မှတ်စနစ်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲ မှုမရှိသေးတာ တွေ့ရပါတယ်။ ဘဏ် ဝန်ထမ်းတစ်ဦးရဲ့ ပြောပြချက်အရ ချက်လက်မှတ်လက်ခံသူ က ပေးချေသူ ရဲ့ ဘဏ်ငွေစာရင်းမှာ ငွေအပြည့်အဝရှိ မရှိ ယုံကြည်မှုလျော့နည်း တဲ့ ပြဿနာ လေးများရှိနေလို့ စီးပွားရေးကျင့်ဝတ် ကို လိုက်နာခြင်းဖြင့် ယုံကြည်မှုတည် ဆောက်ဖို့လိုနေသေးတယ်လို့ သိရပါ တယ်။စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ရှစ်မြို့နယ်မှာ လူဦးရေ ၁၇ သိန်းကျော် ရှိပြီး၊ စီးပွားရေးလုပ်ငန်းစုံရှိတဲ့အတွက် မုံရွာမြို့မှာ စီးပွားရေးဘဏ်အပြင် ပုဂ္ဂလိကဘဏ် ၁၂ ခုထိ ရှိနေပြီဖြစ်ပါ တယ်။ ငွေလွဲှလုပ်ငန်းများအပြင် ငွေစု ခြင်း၊ ငွေချေးခြင်း၊ အစုရှယ်ယာဝယ် ယူခြင်းနဲ့ အခြားဘဏ်ဝန်ဆောင်မှုလုပ် ငန်းများ ဆောင်ရွက်ပေးတဲ့ ဘဏ်များ အသီးသီးရှိကြပါတယ်။ ဘဏ်ချေးငွေ အတိုးနှုန်း ၁၃ ရာခိုင်နှုန်းနဲ့ ငွေချေး ယူပြီး၊ စီးပွားရေး တိုးချဲ့လုပ်ကိုင်လိုသူ များ အဆင်ပြေသလို ဘဏ်စုငွေအတိုး နှုန်း တစ်နှစ်ကို ၈ ရာခိုင်နှုန်းသာ ရှိ ပေမယ့် ငွေစုသူများ လျော့နည်းမသွား ဘဲ ပိုတိုးလာတာတွေ့ရပြီး၊ ရင်းနှီးမြှုပ် နှံနိုင်မယ့် အခွင့်အလမ်းစောင့်ဆိုင်းသူ များကတော့ဘဏ်အပ်ထားဆဲဖြစ်တယ်လို့ ဘဏ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က သီးနှံ စိုက်ပျိုးစရိတ်ချေးငွေကို စပါး တစ်ဧက ၅၀၀၀၀ ကျပ်ထိ တိုးမြှင့်ချေးပြီး၊ အတိုး နှုန်းလဲလျော့ကျတဲ့အတွက် တောင်သူ များလဲ ဝမ်းမြောက်စွာ ချေးယူစိုက်ပျိုး ဆောင်ရွက်လျက်ရှိကြောင်း သိရပါ တယ်။ ရီလင်းထွဋ်
