ကဏန်းများ တရုတ်နိုင်ငံဘက်ကို တရားမဝင် ထွက်ရှိနေပြီး တရားဝင်တင်ပို့ ရောင်းချသူများ ဈေးကွက်ယှဉ်မရောင်းနိုင်
တရုတ်နိုင်ငံကို ပြင်ပလမ်းကြောင်းများမှ နည်းမျိုးစုံနဲ့ ကဏန်းရောင်းချခြင်းများကြောင့် ၁၀၅ မိုင်ကို ကဏန်းအဝင် နည်းသွားကြောင်း သိရပါတယ်။ ကဏန်းတင်ပို့ရောင်းချရာ မှာ တရားဝင်လမ်းကြောင်းနဲ့ မှောင်ခို ထွက်ရှိနှုန်း ညီမျှနေ ခြင်းကြောင့် တရားဝင်ရောင်းချရတဲ့ လေလံဈေးနှုန်းမှာ မှောင်ခိုဈေးကွက်ကို မယှဉ်ပြိုင်နိုင်တဲ့အတွက် ဈေးကျဆင်း လာကြောင်း သိရပါတယ်။ကဏန်းလုပ်ငန်းရှင်များအသင်း (မူဆယ်မြို့)မှ ကုန် သည်တစ်ဦးက " အရင်လတွေတုန်းက ကဏန်းလေလံ ဈေး ကောင်းတော့ ကုန်သည်၊ ရေလုပ်သားနဲ့ တင်ပို့ရောင်းချတဲ့ ကုန်သည်တွေအဆင်ပြေတယ်။ ခုကျတော့ မှောင်ခိုထွက်နေ တာများလာတယ်။ နည်းမျိုးစုံနဲ့ သွားနေတာ။ ၁၀၅ မိုင် မရောက်ခင် မောင်တောကျေးရွာအနီးတစ်ဝိုက်ကနေ ရှောင် ကွင်းပြီး သွားနေတာလဲရှိ တယ်။ မှောင်ခိုထွက်တဲ့ တန်ချိန်က တရားဝင်သွားတဲ့ နီးနီးလောက်ရှိတယ်။ မှောင်ခိုသွားများတာ တစ်လလောက် ရှိပြီ။ အရင်လေကြောင်းက ဝယ်ယူနေတဲ့သူ တွေက မှောင်ခိုသယ်ယူနေကြတာ။ တရုတ်နိုင်ငံက ကုန်သည် တွေပဲ ရန်ကုန်၊ မန္တလေးကို တိုက်ရိုက်ဆင်းဝယ်တယ်။ မှောင် ခိုဈေးကွက်ကို မတားနိုင်ရင် ပြည်ပပို့ကုန်ကဏန်းဈေးကွက် ပျက်စီးနိုင်ပါတယ်'' လို့ ပြောပါတယ်။ကဏန်းလေလံဈေးနှုန်းမှာ ယခုနှစ်ဈေးကောင်းရရှိခဲ့ ပြီး၊ ယခုလမှာ မိုးတွင်းကာလကဏန်းအထွက်များ လာ ခြင်းနဲ့ မှောင်ခိုထွက်ရှိမှု များခြင်းကြောင့် ဒေါ်လာ ၂၀၀ နဲ့ ဒေါ်လာ ၃၀၀ ကြား ဈေးကျလာပါတယ်။ ကဏန်းလေလံဈေးနှုန်းမှာ တစ်တန်ကို ဒေါ်လာ ၁၈၀၀ နဲ့ ၂၅၀၀ ကြားရရှိပြီး ယခင်နှစ် ကထက် ကဏန်းအထွက်များကြောင်း သိရပါတယ်။ တရား ဝင် တင်ပို့ရောင်းချတဲ့နှုန်းမှာ တစ်ရက်ကို ၂၅ တန်နဲ့ တန် ၃၀ ကြားရောင်းချမှု ရှိကြောင်း သိရပါတယ်။ ဇူးဇူး
