နယူးယောက် အမေရိကန်ကြွေးမြီ အဆင့် သတ်မှတ်ရေးအေဂျင်စီ Moody's က အီတလီအစိုးရ ဘွန်းစာချုပ် များ ရဲ့အဆင့် ကို နှစ်ဆင့်လျှော့ပြီး A3 သို့လျှော့ချခဲ့ ပါတယ်။ အီတလီနိုင်ငံ ကငွေကြေးရှာဖွေစုဆောင်းမှုကုန်ကျ စရိတ်ထပ်မံမြင့်တက် ပြီး ဘတ်ဂျက် အတွက် ငွေကြေးချေးယူရာမှာ ဈေး ကွက် အချိတ်အဆက် တွေဆုံးရှုံးခဲ့ တဲ့အတွက် ယခုလိုလျှော့ ချခဲ့ရတယ် လို့ အေဂျင်စီက ဇူလိုင် ၁၂ ရက်က ပြောပါတယ်။ Source: AFPတိုကျို ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံး မို ဘိုင်းကုမ္ပဏီ ဒိုကိုမိုကလာမဲ့ လေးနှစ် အတွင်း အရောင်းကိုကိုးဆတိုးချဲ့နိုင် ဖို့အတွက် ဖျော်ဖြေရေးနဲ့ အီးကော မတ် လုပ်ငန်းတွေကို တိုးချဲ့သွားမှာ ဖြစ်ကြောင်းတွေ့ဆုံမေးမြန်းခန်းတစ်ခု မှာ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိ ချုပ် ကာအိုရူကာတိုက ပြောပါ တယ်။ Roaming Fee မပါ ဂျပန် နိုင်ငံပြင်ပမှရငွေက ယခုဘဏ္ဍာရေး နှစ်က ယန်း ၂၂ ဘီလီယံရှိပြီး ၂၀၁၆ ခုနှစ် မတ်လမှာ ကုန်ဆုံးမဲ့ ဘဏ္ဍာ ရေးနှစ်မှာ ယန်း ဘီလီယံ ၂၀၀ (ဒေါ် လာ ၂ ဒသမ ၅ ဘီလီယံ) ရဖို့ခန့်မှန်း ထားကြောင်း သူက ပြောပါတယ်။Source: bloomberg.com ဘန်ကောက် ယခင်နှစ် သဘာဝဘေးဒဏ် ကြောင့်ပျက်စီးခဲ့ရတဲ့နယ်မြေတွေအ တွက် ဝယ်လိုအားတွေက ၂၀၁၄ ခုနှစ်မှာမြင့်တက်မယ်လို့ ခန့်မှန်း ထားပါတယ်။ ၂၀၁၃ ခုနှစ် မတ်လ ကုန်ဆုံးမဲ့ ဘဏ္ဍာနှစ်မှာ ဂျပန်နိုင်ငံက အိမ်အလုံး ၈၇၆၀၀၀ ခန့် ၂၀၁၄ ခုမတ်လမှာကုန်ဆုံးမယ့်ဘဏ္ဍာနှစ်မှာ အိမ်အလုံး ၉၁၆၀၀၀ ဆောက်ဖို့စီစဉ် ထားကြောင်း ဖူကူအို ကာရှိထိုင်း ကုန် သွယ်မှုမြှင့်တင်ရေးရုံးကပြောပါတယ်။ ှSource: bangkokpost.comစင်ကာပူ စက်မှု ကုန်ထုတ်လုပ်ငန်းတွေ ကျဆင်းတဲ့အတွက် ယခင်သုံးလ ပတ်က စင်ကာပူရဲ့စီးပွားရေး ရုတ် တရက်ကျဆင်းခဲ့ပါတယ်။ ဒါကြောင့် ဥရောပ ကြွေးမြီ အကျပ်အတည်းက အာရှဒေသ ထုတ်ကုန်တွေရဲ့ ဝယ် လိုအားကို ထပ်မံ ကျဆင်းစေခဲ့တဲ့ လက္ခဏာဖြစ်တယ်လို့ ပြောပါတယ်။ စင်ကာပူ GDP ရဲ့ သုံးလပတ် အလိုက်အခြေအနေက နှစ်အလိုက် နှုန်းအရ ၁ ဒသမ ၁ ရာခိုင်နှုန်း ကျ ဆင်းခဲ့ပါတယ်။ှSource: bloomberg.com
Background