Main menu

Background

၂၀၂၆ ခုနှစ်တွင် ဗီယက်နမ် ကုန်သွယ်မှုတန်ဖိုးနှစ်ဆတက်မည်

Wed, 07/18/2012 - 06:44 -- Anonymous (not verified)

    ဗီယက်နမ်နိုင်ငံရဲ့ ကုန်သွယ်မှု တန်ဖိုးက ၂၀၂၆ ခုနှစ်မှာ နှစ်ဆနီးပါး မြင့်တက်လာတဲ့အထိ လာမဲ့ဆယ့် ငါးနှစ်အတွင်းမှာ ကုန်သွယ်မှု လျင် မြန်စွာတိုးတက်လာလိမ့်မယ်လို့ ခန့်မှန်း ကြောင်းဇူလိုင် ၁၀ ရက်က ထုတ်ပြန် တဲ့ ဟောင်ကောင်ရှန် ဟဲဘဏ် ကော် ပိုရေးရှင်း (HSBC)  ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ယခင် ၂၀၁၁ ခုနှစ်က ဗီယက်နမ်ရဲ့ ကုန်သွယ်မှု တန်ဖိုးက ဒေါ်လာ ၂၀၂ ဘီလီယံ ရှိ ခဲ့ပါတယ်။ ဗီယက်နမ်ကုန်သွယ်မှုက ၂၀၂၁ ခုနှစ်အထိ တစ်နှစ် ၈ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်မှာဖြစ်ကြောင်းနဲ့ နောက်ငါးနှစ်တာကာလဖြစ်တဲ့ ၂၀၂၂-၂၀၂၆ ခုနှစ်ထိ ကာလမှာတော့ တခြားအာရှမိတ်ဖက်နိုင်ငံတွေလဲပဲ ၅ ဒသမ ၃ ရာခိုင်နှုန်းသာတိုးတက်မှာဖြစ် ကြောင်း The  Global  Connection  Report    မှာဖော်ပြထားပါတယ်။    ရေနံတင်ပို့မှု  ကျဆင်းမှာ ဖြစ် တဲ့အတွက်  ပို့ကုန် ကျဆင်းနိုင်တဲ့ သြစတြေးလျနိုင်ငံမှအပ ကျန်အဓိက ကုန်သွယ်ဖက်နိုင်ငံတွေနဲ့ ကုန်သွယ်မှု က ခိုင်မာနေလိမ့်မယ်လို့ ခန့်မှန်းထား ပါ တယ်။ ဗီယက်နမ်နိုင်ငံရဲ့ အကြီးမား ဆုံးပို့ကုန်နိုင်ငံက အမေရိကန် နိုင်ငံ ဖြစ်ပါတယ်။ လာမဲ့ငါးနှစ်အတွင်းမှာ ပရိ ဘောဂ၊ အဝတ်အထည်နဲ့ ဖိနပ်စတဲ့ ကုန်ပစ္စည်းတွေရဲ့ တင်ပို့မှုမြင့်တက် လာ မှာဖြစ်တဲ့အတွက် အမေရိကန်နဲ့ ကုန် သွယ်မှုက တစ်နှစ်ကို ၆ ဒသမ ၆ ရာခိုင် နှုန်းမြင့်တက်မယ် လို့ခန့်မှန်းထားပါတယ်။    ယခုအခါ ဂျပန်နိုင်ငံက ဗီယက်နမ် နိုင်ငံရဲ့ ဒုတိယမြောက် ပို့ကုန်အများဆုံး နိုင်ငံဖြစ်လာပါတယ်။ နှစ်စဉ် တိုးတက်မှု နှုန်းက ၆ ရာခိုင် နှုန်းရှိပါတယ်။ တရုတ် နိုင်ငံကို တင်ပို့မှုကလည်း ၂၀၁၆ ခုနှစ် အထိနှစ်စဉ် ၁၀ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်မယ်လို့ ခန့်မှန်းပါတယ်။Source.VNS