Main menu

Background

စပိန်ဘဏ်များကို ကူညီမဲ့စည်းကမ်းချက်များကို ယူရိုဘဏ္ဍာရေးဝန်ကြီးတို့ သဘောတူ

Wed, 07/18/2012 - 06:49 -- Anonymous (not verified)

    ဒုက္ခကြုံတွေ့နေရတဲ့စပိန်ဘဏ်တွေကိုကယ်တင်ငွေထုတ်ပေးမဲ့ စည်းကမ်း ချက်တွေကို ယူရိုဘဏ္ဍာရေးဝန်ကြီးတွေက ဇူလိုင် ၁၁ ရက်မှာ သဘောတူ လက်ခံခဲ့ကြပြီး ယခုလအကုန်မှာ အကူအညီပေးဖို့အတွက် ယူရိုဘီလီယံ ၁၀ (ဒေါ်လာ ၃၆ ဒသမ ၈၈ ဘီလီယံ) အသင့်ရှိထားပြီးဖြစ်ကြောင်းလည်း ပြော ကြားပါတယ်။ ယူရိုငွေကြေးကို တရားဝင်ငွေကြေးအဖြစ် သုံးစွဲနေတဲ့ နိုင်ငံ ၁၇ နိုင်ငံက ဘဏ္ဍာရေးဝန်ကြီးတွေက ဒီသဘောတူညီ ချက်ကို အပြီးသတ် ချုပ်ဆိုဖို့အတွက် ဇူလိုင် ၂၀ ရက်မှာ ဘရပ်ဆဲမှာအစည်းအဝေး ထိုင်မှာ ဖြစ်ကြောင်းနဲ့ ဒီအစည်းအဝေး မတိုင်မီ သက်ဆိုင်ရာ အစိုးရ သို့မဟုတ် ပါလီမန်ရဲ့ အတည်ပြုချက်ကို ရရှိအောင် ပထမဆုံး ဆောင်ရွက်ထားရမှာဖြစ်ကြောင်း ယူရိုဇုန် အကြီးအကဲ ယွန်းကလေထရိုင်ရှေးက ပြောပါတယ်။    ပြိုကွဲသွားတဲ့ အိမ်ခြံမြေဈေးကွက်ကြောင့်ဖြစ်ရတဲ့ အဆိပ်သင့်ချေးငွေနဲ့ အက်ဆက်တွေကြောင့် အင်အားချိနဲ့သွားတဲ့ စပိန်ဘဏ်လုပ်ငန်းကဏ္ဍကို မြှင့် တင်ပေးဖို့အတွက် ယူရိုဇုန်ဘဏ္ဍာရေးဝန်ကြီးများက စပိန်နိုင်ငံကို ယူရိုဘီလီယံ ၁၀၀ ပေးဖို့ ယခင်လကသဘောတူခဲ့ကြပါတယ်။ စပိန်နိုင်ငံနဲ့သဘောတူညီ ချက်ရဲ့ အစိတ်အပိုင်း တစ်ရပ်အဖြစ် ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံက ဘဏ္ဍာရေးဝန်ကြီးတွေက စပိန်နိုင်ငံရဲ့ဘတ်ဂျက်လိုငွေကို ဂျီဒီပီရဲ့ ၃ ရာခိုင် နှုန်းအထိ ချနိုင်ဖို့အတွက် နောက်ဆုံး သတ်မှတ်ရက်ကို ၂၀၁၄ ခုနှစ်အထိထားဖို့ သဘောတူ ခဲ့ကြပါတယ်။    စပိန်ကယ်တင်မှုရန်ပုံငွေနဲ့ ပတ်သက်တဲ့စည်းကမ်းချက်တွေနဲ့ ဘရပ် ဆယ်လ်မြို့မှာ ဇွန် ၂၈-၂၉ ရက်က ပြုလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်မှာ အသေးစိတ် သတ်မှတ်ချက်တွေမပါတဲ့အတွက် စိုးရိမ်နေကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေက ယခု ဆုံးဖြတ်ချက်သစ်တွေ ကို ကြိုဆိုကြမဲ့သဘောရှိပါတယ်။    ဥရောပတစ်လွှားမှာရှိတဲ့ ဈေးကွက်တွေက ဇူလိုင် ၁၀ ရက်မနက်မှာ ပြန်လည်ဦးမော့လာပါတယ်။ မက်ဒရစ်မြို့မှာ နိုင်ငံရဲ့ အဓိကညွှန်းကိန်းဖြစ်တဲ့ IBEX   ညွှန်းကိန်းက ၁ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ ဃဗဃ ၄၀  ညွှန်းကိန်းက ၁ ဒသမ ၂၅ ရာခိုင်နှုန်းနဲ့ ဂျာမနီရဲ့CAC 40   ညွှန်းကိန်း က ၁ ဒသမ ၁၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။             Source.AFP