Main menu

Background

ရေနံ တင်ပို့မှု ပိတ်ပင်ခြင်းကို ရှောင်ရှားဖို့ အီရန် နည်းလမ်းရှာ

Wed, 07/18/2012 - 06:55 -- Anonymous (not verified)

    ဥရောပသမဂ္ဂ   အရေးယူ ပိတ် ဆို့မှုများကို ရှောင်ရှားနိုင်အောင် အီရန် ရေနံ ထုတ်လုပ်ရေး လုပ်ငန်းမှ ပို့ကုန် လုပ်ငန်းရှင်များအသင်းက ကူညီမှာ ဖြစ်ပြီး တစ်ရက်ကိုရေနံစည် ၅၀၀၀၀၀ တင်ပို့နိုင်မှာဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ဝေနေတဲ့ Mehr  သတင်း အေဂျင်စီက သတင်း ဖော်ပြထားပါ တယ်။ အီရန်ဗဟိုဘဏ်က အီရန်ရေနံ သဘာဝဓာတ်ငွေ့နဲ့ ရေနံဓာတ်ငွေ့ ထုတ်ကုန် တင်ပို့သူများအသင်းနဲ့ ဟတ် ဆန်ခိုရိုဂျာဒီက ပြောကြောင်း Mehr သတင်းဌာန ဇူလိုင် ၇ ရက်က ဖော် ပြထားပါတယ်။ ဒီသဘောတူညီချက် အရ အီရန်ဥရောပကိုရေနံစိမ်းရောင်းချ နိုင်မှာဖြစ်ကြောင်း  ပြောကြားခဲ့ပေမဲ့ အသေးစိတ်ပြောကြားခြင်း မရှိပါဘူး။    အဖွဲ့ရဲ့ ပထမသုတ် တင်ပို့မှု အတွက် တာဝန်ရှိသူတွေက ကန် ထရိုက် စာချုပ်ကို ယခုရက်သတ္တပတ် မှာ ချုပ်ဆိုနိုင်မှာ ဖြစ်ကြောင်း Mehr မှာဖော်ပြထားပါတယ်။ ဥရောပက ပုဂ္ဂလိကပိုင် ရေနံချက်စက်ရုံတွေကို ရေနံစိမ်း တင်ပို့ပေးရမယ့် သဘောတူ စာချုပ်ကို ပို့ကုန်လုပ်ငန်းရှင်တွေက ချုပ်ဆို ထားပြီးဖြစ်ကြောင်း Kho  ရိုဂျာဒီက ပြောပါတယ်။ သို့သော် ဝယ် လက်များကို ဖော်ပြပြောဆိုခြင်း မရှိ ပါဘူး။ အပြည်ပြည်ဆိုင်ရာ ကန့်သတ် ချက်များကြောင့် လျှော့ချခြင်း အနည်း ငယ်တော့ချပေးရကြောင်း သူက ပြော ပါတယ်။ အီရန်ပို့ကုန်လုပ်ငန်းရှင်များ အသင်းမှာ အဖွဲ့ဝင် ၂၁၄ ဦးရှိကြောင်း အသင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါ တယ်။    အမေရိကန်ပြည်ထောင်စုနဲ့ ကုလ သမဂ္ဂကအီရန်နဲ့ကုန်သွယ်ရေးနဲ့ ဘဏ္ဍာ ရေး ကိစ္စတွေကို ကန့်သတ်ခဲ့တဲ့ အစီ အမံတွေကိုချမှတ်ပြီးနောက်ပိုင်း အီးယူ က အီရန်ရေနံကိုပိတ်ပင်ဖို့ ဆုံးဖြတ် ချက်ချပါတယ်။ အီရန်နိုင်ငံက နျူကလီး ယားကို လက်နက် ထုတ်လုပ်ဖို့ ကြိုး ပမ်းနေတယ်လို့ စွပ်စွဲလျက်ရှိပြီး ယခု အစီအမံများက အီရန်နိုင်ငံရဲ့   နျူက လီးယားထုတ်လုပ်မှုကို အီရန်တာဝန် ရှိသူတွေက ထိန်းချုပ်နိုင်အောင် တွန်း အားပေးလျက် ရှိပါတယ်။ အီရန်က စွပ်စွဲချက်ကိုငြင်းပယ်ခဲ့ပြီး  နျူကလီး ယား  အစီအစဉ်က  အရပ်ဘက်သုံး အတွက်သာ ဆောင်ရွက်နေကြောင်း ပြော ကြားခဲ့သည်။Source.bloomberg.com