Main menu

Background

ကမ္ဘာ့ဈေးကွက်ကိုထိုးဖောက်ရန် တရုတ်ကုမ္ပဏီတို့က ဒေသတွင်းမျှ စီးပွားဖက်ရှာ

Wed, 07/18/2012 - 06:59 -- Anonymous (not verified)

    ကုန်ပစ္စည်းတွေကို အပြည်ပြည်ဆိုင်ရာဈေးကွက်ကို ထိုးဖောက်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းက ဒေသတွင်း စီးပွားဖက်တွေက တစ်ဆင့် ဆောင်ရွက်တာဖြစ်ကြောင်း စင်ကာပူမှာ ဇူလိုင် ၁၀ ရက်က ကျင်းပတဲ့ ကို FutureChina  Global  Forum   တက်ရောက် လာကြတဲ့ တရုတ်ကုမ္ပဏီနှစ်ခု ဖြစ်တဲ့  Broad  Group နဲ့ Aigo    တို့ရဲ့အမှုဆောင်အရာရှိ တွေက ပြောပါတယ်။    သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး (မြစိမ်းရောင်) မူဝါဒတွေအတွက် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်အပြုခံရ ထားတဲ့ Broad  Group က သူရဲ့စီးပွားရေးလုပ်ငန်းထဲမှာ ရေရှည်တည်တံ့နိုင်မဲ့ အဆောက်အဦတွေ ဆောက်လုပ်ရေး ကို မကြာမီနှစ်များအတွင်းကစပြီး ထည့်သွင်းဆောင်ရွက်ခဲ့ပါ တယ်။ ယခုနှစ်ဇန်နဝါရီက အထပ် ၃၀ပါ ဟိုတယ်တစ်ခုကို ကုမ္ပဏီက ၁၅ ရက်အတွင်းအပြီးဆောက်လုပ်ခဲ့ပါတယ်။ ကြိုတင်ပုံသွင်းထားတဲ့ ပစ္စည်းတွေကို တပ်ဆင်ဆောက်လုပ် ခဲ့တာဖြစ်ပါတယ် ။ဒီအဆောက်အဦကသမားရိုးကျအဆောက် အဦနဲ့နှိုင်းယှဉ်ရင် ကုန်ကျစရိတ် ၃၀ ရာခိုင်နှုန်း သက်သာပါ တယ်။     Broad  Groupကသူရဲ့ ဆောက်လုပ်ရေးနည်းပညာကို လွှဲပြောင်းပေးပြီးလုပ်ပိုင်ခွင့်လွှဲအပ်ထားတဲ့ ကုမ္ပဏီတွေ (Franchises )   ကတစ်ဆင့် ကမ္ဘာ့အနှံ့ဈေးကွက် ထိုးဖောက် ဖို့  Broad  Group  က နည်းလမ်းရှာဖွေနေပါတယ်။ တစ်ချိန် တည်းမှာ ပြည်ပ လုပ်ငန်းတွေထူထောင်ရာမှာ တွေ့ရမဲ့စွန့်စား မှုအန္တရာယ်တွေကို လျှော့ချနိုင်အောင် ကြိုးပမ်းနေပါတယ်။ တခြားတရုတ်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Aigo  ကလည်း ဖက်စပ် ဆောင်ရွက်မှုကိုအဓိကအချက်တစ်ခုအဖြစ်ခံယူထားပါတယ်။    အီလက်ထရွန်းနစ်လူသုံးကုန်တွေထုတ်တဲ့ Aigo က ပင်လယ်ရပ်ခြားမှာ လုပ်ငန်းထူထောင်ဖို့ ကြိုးစားနေတဲ့ တရုတ် ကုမ္ပဏီတွေကို အကူအညီပေးဖို့ Aigo Entrepreneurs Alliance   ဆိုတဲ့အဖွဲ့ကိုဖွဲ့ထားပါတယ်။ အဖွဲ့ဝင်များ အတွက်အဆက်အသွယ်တွေရနိုင်ဖို့အတွက် ဒီအဖွဲ့က Road  Show   တွေပြနိုင်အောင် စီစဉ်ပေးပါတယ်။    " တရုတ်ကုန်သွယ်အမှတ်တံဆိပ်တွေက အခုအခါမှာ အားသာချက်တွေ ရလာပါပြီ။ အရည်အသွေးကလည်း ပိုမို ကောင်းလာပြီး ဈေးကလည်းသင့်တင့်မျှတပါတယ်။ ဒါပေမဲ့ လုပ်ငန်းချဲ့ထွင်တဲ့အခါ သက်ဆိုင်ရာဒေသန္တ ရ ယဉ်ကျေးမှု ကို ကျွန်တော်တို့နားမလည်ပါဘူး။ဒါကြောင့် ပူးပေါင်း ဆောင် ရွက်မဲ့ဒေသခံ စီးပွားဖက်ကိုရှာတာ အကောင်းဆုံး ပါပဲလို့ Aigo Information Digital Technology   မှ ဥက္ကဌ ဖန်ဂျွန်က ပြောပါတယ်။                            Source.CNA