Main menu

Background

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Wed, 07/18/2012 - 07:00 -- Anonymous (not verified)

    တရုတ်ကထုတ်ပြန်တဲ့ စီးပွားရေး ကိန်းဂဏန်းများအရ ကမ္ဘာ့စီးပွားရေး တိုးတက်မှု နှေးကွေးနေတယ် ဆိုတဲ့ အချက်ကို ပိုမို အထောက်အကူဖြစ်စေ ခဲ့ပါတယ်။ ဒါကြောင့် နှစ်လတာကာလ အတွင်းမှာ ဒေသတွင်းစတော့ရှယ်ယာ ဈေးကွက်တွေရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းခဲ့တဲ့အတွက် အာရှငွေကြေး ရက်သတ္တပတ်အလိုက် တန်ဖိုးကျဆင်း တာဟာ ဒုတိယရက်သတ္တပတ် ထဲကိုဝင် ရောက်လာခဲ့ပါတယ်။    တောင်ကိုရီးယားဘဏ်က ဘဏ် အတိုးနှုန်းတွေကိုလျှော့ချပေးတဲ့အပြင် ၂၀၁၂ ခုနှစ်ရဲ့ စီးပွားရေးတိုးတက်နှုန်း ကို မူလက ၃ ဒသမ ၅ ရာခိုင်နှုန်းရှိ မယ်လို့ သတ်မှတ်ခဲ့ရာမှ ယခု ၃ ရာခိုင် နှုန်းသို့လျှော့ချသတ်မှတ်ပြီးနောက်ပိုင်း ရက်သတ္တပတ်ခြောက်ပတ်အတွင်းအ မြင့်ဆုံးဖြစ်ခဲ့တဲ့ ဝမ်ဈေးကကျဆင်းခဲ့ ပါတယ်။ တရုတ်နိုင်ငံရဲ့ စုစုပေါင်းပြည် တွင်းထုတ်လု ပ်မှုကမြင့်တက်ခဲ့သော် လည်းသွင်းကုန်တွေက စီးပွားရေးပညာ ရှင်တွေခန့်မှန်းသလောက်မဖြစ်ခဲ့လို့ အာရှပို့ကုန်တွေ ရဲ့အလားအလာကို မှေးမှိန်စေခဲ့ပါတယ်။    "ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှေး နေတာကိုစိုးရိမ်မှုကြီးထွားနေတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေက ပိုမိုစွန့်စားရတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆောင်ရွက်ဖို့ ခဲယဉ်းလာပါတယ်" လို့ ဘန်ကောက် အခြေစိုက် ဆုမိမိုတိုမစ်ဆုအီ ဘဏ်မှ ကိုဇိုဟာဆဲဂါတိုက ပြောပါတယ်။တရုတ်ယွမ်    တရုတ်ဗဟိုဘဏ်က ပျမ်းမျှငွေလဲ လှယ်နှုန်းကိုအပြောင်းအလဲမရှိဆက် လက်ထားရှိတဲ့အတွက် ဇူလိုင် ၁၂ ရက် ဈေးပိတ်ချိန်မှာ ယွမ်ငွေ တန်ဖိုးက ဒေါ်လာနဲ့ ဖလှယ်ရာမှာအနည်းငယ်ကျ ဆင်းခဲ့ပါတယ်။ ကမ္ဘာ့ စီးပွားရေးနဲ့ ဈေး ကွက်ထဲမှာ အခက်အခဲများကြုံတွေ့နေ ရတဲ့အချိန်မှာ တရုတ်ဗဟိုဘဏ်က ယွမ်တန်ဖိုးကို တည်ငြိမ်အောင်  ဆက် လက် ထိန်းသိမ်းမဲ့ လက္ခဏာရှိကြောင်း ကုန်သည်များက ပြောကြားပါတယ်။    တရုတ် လက်ငင်း ငွေကြေးဈေး ကွက်မှာ ယွမ်တန်ဖိုးက ဇူလိုင် ၁၁ ရက် ဈေးပိတ်ချိန်က တစ်ဒေါ်လာကို ၆ ဒသမ ၃၆၈၆ ယွမ်နှုန်းရှိခဲ့ရာမှ အနည်း ငယ်ကျဆင်းကာ ဇူလိုင် ၁၂ ရက်တွင် တစ်ဒေါ်လာကို ၆ ဒသမ ၃၇၃၃ ယွမ် နှုန်းထိ ကျဆင်းခဲ့ပါတယ်။ အရောင်းအ ဝယ်မစတင်မီအချိန်က တရုတ်ဗဟို ဘဏ်ကပျမ်းမျှငွေလဲလှယ်နှုန်းကို တစ် ဒေါ်လာကို ၆ ဒသမ ၃၂၀၉ ယွမ်နှုန်း မှ အနည်းငယ်တန်ဖိုးချကာ တစ်ဒေါ် လာကို ၆ ဒသမ ၃၂၁၅ ယွမ်နှုန်းသတ် မှတ်ခဲ့ပါတယ်။ အိန္ဒိယ ရူပီး    တရုတ်နိုင်ငံရဲ့ ဒုတိယသုံးလပတ် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုက မူလ ခန့်မှန်းချက်အတိုင်း တိုးတက်မှုနှုန်း ၇ ဒသမ ၆ ရာခိုင်နှုန်း ဖြစ်ပေါ်လာပြီး နောက် စွန့်စားမှုရှိတဲ့ အက်ဆက်များ တန်ဖိုးမြင့်တက်လာခြင်းနဲ့အတူရူပီး တန်ဖိုးကလည်း ဇူလိုင် ၁၃ ရက်မှာ မြင့်တက်ခဲ့တာကို တွေ့ရပါတယ်။    ရူပီးတန်ဖိုးက ဇူလိုင် ၁၂ ရက်ဈေး ပိတ်ချိန်က တစ်ဒေါ်လာကို ၅၅ ဒသမ ၉၃ ရူပီးနှုန်းရှိခဲ့ရာမှ ဇူလိုင် ၁၃ ရက် မနက် ၉ နာရီ ၂ မိနစ်မှာတစ်ဒေါ်လာ ကို ၅၅ ဒသမ ၆၇ ရူပီးနှုန်းသို့ရောက် ရှိခဲ့ပါတယ်။ ဂျပန်ယန်း    ယူရိုဇုန်ကြွေးမြီအတွက်ကြောက် လန့်မှုနဲ့ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှု နှေး ကွေးနေတာကို စိုးရိမ်တာကြောင့် ယူရို ငွေကြေးရဲ့တန်ဖိုးက ဇူလိုင် ၁၂ ရက်မှာ ၁ ဒသမ ၂၂ ဒေါ်လာနှုန်း အောက်ကို ကျဆင်းခဲ့ပါတယ်။    ယူရိုဒေါ်လာဖလှယ်နှုန်းက ဇူလိုင် ၁၂ ရက် ဂရင်းနစ်စံတော်ချိန် ၂၁ နာ ရီမှာတစ်ယူရိုကို ၁ ဒသမ ၂၂၃၈ ဒေါ် လာနှုန်းရှိခဲ့ရာမှ ဇူလိုင် ၁၃ ရက်အလား တူအချိန်မှ ၁ ဒသမ ၂၂၀၃ ဒေါ်လာ ထိကျဆင်းခဲ့ပါတယ်။ ယန်းငွေနဲ့ဖလှယ် ရာမှာတစ်ယူရိုကို ၉၇ ဒသမ ၅၈ ယန်း မှ ၉၆ ဒသမ ၇၅ ယန်းထိကျဆင်းခဲ့ ပါတယ်။    ဒေါ်လာယန်းဖလှယ်နှုန်းက တစ် ဒေါ်လာကို ၇၉ ဒသမ ၇၄ ယန်းမှ ၇၉ ဒသမ၂၈ယန်းသို့ကျဆင်းစေခဲ့ပါတယ်။ မလေးရှားရင်းဂစ်    ကမ္ဘာ့စီးပွားရေးမရေမရာဖြစ် ပေါ်နေစဉ်ကာလအတွင်းမှာ ဇူလိုင် ၁၃ ရက်က ရင်းဂစ်တန်ဖိုးက အပြောင်း အလဲ မရှိသလောက် ဖြစ်ခဲ့ပါတယ်။ ရင်းဂစ်တန်ဖိုးက ဇူလိုင် ၁၃ ရက်မနက် ၉ နာရီ ၂ မိနစ်မှာတစ်ဒေါ်လာကို ၃ ဒသမ ၁၈၉၀ ရင်းဂစ်နှုန်းနဲ့ ဇူလိုင် ၁၂ ရက်ကအတိုင်း ဆက်လက် တည်ရှိနေ ပါတယ်။ ငွေကြေး ရောင်းဝယ်သူ အများစုက အရောင်းအဝယ်မလုပ်ကြ သေးဘဲ ဘေးထွက်ထိုင်နေပြီး တရုတ် နိုင်ငံရဲ့စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု ကိန်းဂဏန်းများ ထုတ်ပြန်ချိန်ကိုစောင့် နေပုံရပါတယ်။    တခြားငွေကြေးများနဲ့ဖလှယ်ရာ မှာ ရင်းဂစ်တန်ဖိုးကမြင့်တက်ခဲ့ပါတယ်။ တောင်ကိုရီးယားဝမ်    တောင်ကိုရီးယား စီးပွားရေးအ ခြေအနေများ ကျဆင်းနေမှုကြောင့် တောင်ကိုရီးယား ဗဟိုဘဏ်က အတိုး နှုန်းကိုရုတ်တရက်လျှော့ချလိုက်ပြီးနောက် ဇူလိုင် ၁၂ ရက်က တောင်ကိုရီးယားဝမ် တန်ဖိုးက ဒေါ်လာနဲ့ ဖလှယ်ရာမှာရက် သတ္တပတ်နှစ်ပတ်အတွင်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ပါတယ်။ ဝမ် တန်ဖိုးက တစ် ဒေါ်လာကို ၁၁၅၂ ဒသမ ၅ ဝမ်အထိ ကျဆင်းခဲ့ရာ ဇူလိုင် ၂၉ ရက် နောက် ပိုင်းအနည်းဆုံးနှုန်း ဖြစ်ခဲ့ပါတယ်။    ဘလွမ်းဘတ်သတင်းဌာနက ပြုစု ထားတဲ့စာရင်းများအရ ဇူလိုင် ၁၃ ရက် ညနေ ၁ နာရီ ၃၄ မိနစ်က ၁ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းပြီးတစ်ဒေါ်လာကို ၁၁၅၀ ဒသမ ၄၅ ဝမ်နှုန်းရှိခဲ့ပါတယ်။ ထိုင်းဘတ်    ကမ္ဘာ့စီးပွားရေးနှေးကွေးနေတာ ကိုစိုးရိမ်မှုက တိုင်းပြည်စီးပွားရေးမှာ သုံးပုံနှစ်ပုံခန့်ပါဝင်နေတဲ့ ထိုင်းနိုင်ငံရဲ့ ပို့ကုန်အလားအလာကိုမှေးမှိန်စေခဲ့ တဲ့အတွက် ယခုရက်သတ္တပတ်အတွင်း မှာ ဘတ်ငွေတန်ဖိုးကျဆင်းပြီး ဘွန်းစာ ချုပ်များရဲ့တန်ဖိုးမြင့်တက်ခဲ့ပါတယ်။ ဥရောပေ<ကးမြီအကျပ်အတည်းကြောင့် ၂၀၁၂ ခုနှစ်မှာအာရှဒေသရဲ့ စီးပွားရေး တိုးတက်နှုန်းက ယခင်ခန့်မှန်းထားတာ ထက်ကျဆင်းမယ်လို့ အာရှဖွံ့ဖြိုးရေး ဘဏ်က ဇူလိုင် ၁၂ ရက်ကခန့်မှန်းခဲ့ ပြီးနောက်ပိုင်းဘတ်ငွေတန်ဖိုးကျဆင်း ခဲ့ပါတယ်။    ဘတ်ငွေတန်ဖိုးက ဘန်ကောက် မှာဇူလိုင် ၁၃ ရက်မနက် ၈ နာရီ ၅၃ မိနစ်ကယခင်ရက်သတ္တပတ်နဲ့နှိုင်းယှဉ် ပါက သုည ဒသမ ၆ ရာခိုင်နှုန်းကျ ဆင်းပြီးတစ်ဒေါ်လာကို ၃၁ ဒသမ ၈၁ ဘတ်နှုန်းရှိခဲ့ပါတယ်။Source: bloomberg, berecorder, reuters,AFP, bernama.