Main menu

Background

တောင်ကိုရီးယားဘဏ်များက ဇွန်လတွင် နိုင်ငံခြားချေးငွေများ ပြန်ဆပ်

Wed, 07/18/2012 - 07:05 -- Anonymous (not verified)

    ပြည်တွင်းငွေချေးငွေဘဏ်တွေမှာ ရေရှည်ချေးယူငွေများအတွက် ကြိုတင် အာမခံပေးထားတဲ့ နိုင်ငံခြားငွေများ အလုံအလောက်ရှိနေတဲ့အတွက် တောင် ကိုရီးယားဘဏ်တွေက ဇွန်မှာ နိုင်ငံခြားကြွေးမြီတွေ ကို ပြန်လည်ပေးဆပ် နိုင် ခဲ့ကြောင်း တောင်ကိုရီးယားဘဏ္ဍာရေးကြီးကြပ်မှုအဖွဲ့က ဇူလိုင် ၁၂ ရက်က ပြောကြားပါ တယ်။ တောင်ကိုရီးယားဘဏ် ၁၆ ခုအတွက် ကြွေးဆပ်ဖို့ စေ့ ရောက်ချိန်တစ်နှစ်အောက်ရှိ ကာလတိုနိုင်ငံခြား ကြွေးမြီအ တွက် ကြွေးဆပ်ပြီး အသစ်ပြန်ထုတ်ပေး တဲ့နှုန်း (Rollover  Rate ) ဇွန်အတွင်းမှာ ၈၆ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း ဘဏ္ဍာရေးကြီးကြပ်မှုအဖွဲ့ (FSS )  ကပြောပါတယ်။    ကြွေးသစ်ထပ်ထုတ်ပေးတဲ့နှုန်း (Rollover  Rate)  ဆိုတာက တစ်လ အတွင်းအချိန်စေ့ရောက်တော့မဲ့ နိုင်ငံခြားကြွေးမြီတွေ အတွက် ပင်လယ်ရပ်ခြား ကနေ ကြွေးမြီသစ်တွေထပ်ထုတ်ပေးတဲ့နှုန်းဖြစ်ပါတယ်။ ဒီနှုန်းက ၁၀၀ အောက်နည်းမယ် ဆိုရင် ဒေသ ခံဘဏ်ကအချိန်စေ့ရောက်တဲ့ကြွေးမြီ ပြန်လည် ချေးယူတဲ့နှုန်းထက် ဆပ်တဲ့နှုန်းက သာလွန်တာကိုပြသနေပါ တယ်။ ပြည်တွင်း ဘဏ်တွေကပြည်ပမှဖြစ်လာမဲ့ အထိတ်တလန့်ဖြစ်မှုတွေအတွက် ကြိုတင် ပြင်ဆင်တဲ့အနေနဲ့ ကာလရှည်နိုင်ငံခြားငွေဖြစ်လွယ်မှုကို အာမခံထားပြီး ကာလတို ချေးငွေတွေကို လျှော့ချလာခဲ့ကြပါတယ်။    တောင်ကိုရီးယားဘဏ် ၁၂ ဘဏ်က တစ်နှစ်ကျော်မှ သက်တမ်းစေ့ ရောက်မဲ့ ကာလရှည် ပြည်ပချေးငွေ ပြန်လည်ရရှိတဲ့နှုန်းက ဇွန်အတွင်းမှာ ၇၇ ရာခိုင်နှုန်းရှိပါတယ်။Source.xinhua