Main menu

Background

ဖွံ့ဖြိုးမှုနှေးကွေးတာတိုက်ဖျက်ဖို့ အာရှမှာ စွမ်းအားရှိ

Wed, 07/18/2012 - 07:13 -- Anonymous (not verified)

        ဥရောပစီးပွားရေးအကျပ်အတည်း ကအရှေ့ပိုင်းဒေသကို ကူးစက်ပျံ့နှံ့လာ မှာကိုစိုးရိမ်နေပေမဲ့ တောင်ကိုရီးယား၊ စင်ကာပူနဲ့ တရုတ်နိုင်ငံတွေက ထွက် ပေါ်လာတဲ့သတင်းဆိုးတွေကဒေသတွင်း ရှိ ရင်းနှီးမြှုပ်နှံသူတို့၏ ယုံကြည်မှုကို ယိုင်လဲသွားအောင်  စွမ်းဆောင်နိုင် ခြင်းမရှိခဲ့ပါ။ အနောက်ပိုင်းမှာရှိတဲ့ ပို့ ကုန်ဈေးကွက်  အားနည်းမှုကြောင့် တရုတ်စီးပွားရေးရဲ့ တိုးတက်ဖွံ့ဖြိုးမှုက သုံးနှစ်ကျော်အတွင်း အနှေးကွေးဆုံး ဖြစ်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ထား တဲ့ စာရင်းဇယားတွေမှာ ဇူလိုင် ၁၃ ရက်က တွေ့ရပါတယ်။တရုတ်နိုင်ငံရဲ့ ယခုနှစ်ဒုတိယသုံး လပတ်မှာ နှစ်အလိုက်အတိုးနှုန်း ၇ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ကမ္ဘာ့ ဘဏ္ဍာရေးအကျပ်အတည်းပြင်းထန်ခဲ့ တဲ့ ၂၀၀၉ ခုနှစ်ကာလ  နောက်ပိုင်း အနှေးကွေးဆုံးဖြစ်ခဲ့ပါတယ်။ တောင်ကို ရီးယားနိုင်ငံကလည်းသူ့ရဲ့ စီးပွားရေး တိုးတက်နှုန်းကို ၃ ရာခိုင်နှုန်းထိလျှော့ချ ခန့်မှန်းခဲ့ပါတယ်။ စင်ကာပူနိုင်ငံရဲ့ စီး ပွားရေးတိုးတက်မှုကလည်းယခင်သုံးလ ပတ်နဲ့နှိုင်းယှဉ်ရင် ယခုနှစ် ဒုတိယသုံး လပတ်မှာ ၁ ဒသမ ၁ ရာခိုင်နှုန်းကျ ဆင်းခဲ့ပါတယ်။ ဒီလိုအနုတ်လက္ခဏာ ပြနေတဲ့  သတင်းထွက်ပေါ်နေပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေကအဆိုးဆုံးအခြေ အနေကကမ်းကုန်နေပြီလို့ သုံးသပ်ကြ တဲ့အတွက် အာရှဈေးကွက်တွေဇူလိုင် ၁၃ ရက်မှာ မြင့်တက်လာပါတယ်။တောင်ကိုရီးယားဗဟိုဘဏ်က ဇူ လိုင် ၁၂ ရက်မှာ အတိုးနှုန်းတွေ လျှော့ ချခဲ့ပါတယ်။   ဒီလိုလျှော့ချတာက ဥရောပဗဟိုဘဏ်နဲ့ တရုတ်ဗဟိုဘဏ် တွေကလျှော့ချပြီး ရက်သတ္တပတ်တစ် ပတ်အကြာမှလျှော့ချခဲ့တာဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံကလည်း  အတိုးနှုန်းကို စံချိန်တင် လျှော့ချခဲ့ပါတယ်။တရုတ်နိုင်ငံက အတိုးနှုန်းကိုတစ် လအတွင်း နှစ်ကြိမ်လျှော့ချတာကရှား ရှားပါးပါးဆောင်ရွက်တာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့  အချိန်မှာလည်း ဘဏ်တွေကထားရှိရမဲ့ အရန်ငွေအချိုး ကို ဒီဇင်ဘာက သုံးကြိမ်လျှော့ချပေး ပြီးမှသာ ဆောင်ရွက်တာဖြစ်ပါတယ်။ ဒီလိုလျှော့ချပေးတာက  ချေးငွေထုတ် ချေးနိုင်ဖို့  လွတ်လွတ်လပ်လပ်ပေးပြီး စီးပွားရေး လှုပ်ရှားမှုရဲ့ စွမ်းအားကို မြှင့်ပေးလိုက် တာ ဖြစ်ပါတယ်။ကမ္ဘာ့ဝယ်လိုအား   ကျဆင်းမှုရဲ့ ဒဏ်ကိုအာရှဒေသက  ခံခဲ့ရပါတယ်။ ဒါပေမဲ့ဘဏ်တွေက အလွယ်တကူ  ငွေ ထုတ်နိုင်တာေ တွကြောင့်  အနောက် နိုင်ငံတွေရဲ့ ဂယက်ကြောင့် ဖြစ်လာမဲ့ နောက်တစ်ကြိမ်   ထိုးနှက်ချက်ကို  တောင့်ခံနိုင်မှာဖြစ်ကြောင်း HSBC ဘဏ်မှ အာရှစီးပွားရေး သုတေသန ဌာနမှ ဖရက်ဒရစ်ဒူးမန်က ပြောသည်။               Source:  AFP