Main menu

Background

ထိပ်တန်း နည်းပညာကုမ္ပဏီများ ယခုနှစ် အလားအလာမကောင်း

Wed, 07/18/2012 - 07:23 -- Anonymous (not verified)

           ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုကို ဖြတ်သန်းတိုက်ခတ်လာတဲ့ စီးပွားရေးမုန်တိုင်းဒဏ်မှ  ရှေ့ဆောင်နည်းပညာကုမ္ပ ဏီကြီးတွေ အကာ အကွယ်ရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်က တစ်စစလုံးပါး ပါးလျက်ရှိပါတယ်။ Big Tech  သုတေသနအေဂျင်စီက သုံးလပတ်ဝင်ငွေအခြေအနေကို လာမဲ့ ရက်သတ္တပတ်မှာ ထုတ်ပြန်တော့မှာဖြစ်ပါတယ်။ အဲဒီအခါမှာ မိုက်ကရို ဆော့ဖ်၊ BM နဲ့ အင်တဲတို့လို ဆော့ဖ်ဝဲနဲ့ ဟတ်ဝဲထုတ်လုပ်တဲ့ အမေရိကန်ရဲ့ အထင်ကရကုမ္ပဏီကြီးတွေရဲ့ အခြေအနေကိုစိတ်ပျက် စရာတွေ့ရလိမ့်မယ်လို့ ဆိုပါတယ်။Advanced  Micro  Devices  Inc, Applied  Materials Inc  နဲ့ Information  Corp   တို့အပါအဝင် ကုမ္ပဏီငယ်လေးတွေရဲ့ ဝင်ငွေတွေကျ ဆင်းနိုင်ကြောင်း သတိပေးချက်များထွက်ပေါ်ပြီးနောက်ပိုင်း ဒီကုမ္ပဏီကြီး သုံးခုရဲ့ ဇူလိုင်လအတွက် ရှယ်ယာတွေတန်ဖိုးကျဆင်းခဲ့ပါတယ်။ ကော်ပိုရေး ရှင်းတွေရဲ့ အိုင်တီဘတ်ဂျက်တွေက အစဉ်အလာအားဖြင့် တခြားအသုံး စရိတ်တွေနဲ့နှိုင်းယှဉ်ရင်  စီးပွားရေးကျဆင်းမှုနှေးကွေးတဲ့ဒဏ်ကို ခံနိုင်ရည် ပိုရှိတတ်ပါတယ်။ နည်းပညာက ထုတ်လုပ်မှုကိုတိုးတက်စေပြီး ရေရှည်မှာ ကုန်ကျစရိတ်ကို သက်သာစေတယ်ဆိုတဲ့တွက်ဆချက်ကြောင့် စီးပွားရေး သမားတွေက ဒီကဏ္ဍမှာ ရင်းနှီးမြှုပ်နှံကြပါတယ်။ဒါပေမဲ့ ဥရောပရဲ့ အကျပ်အတည်း၊ တစ်ချိန်က နာရီမလပ်တိုးတက် ဖွံ့ဖြိုးနေတဲ့ တရုတ်စီးပွားရေးကျဆင်းလာတာ၊ ထွန်းသစ်စဈေးကွက်တွေရဲ့ ဝယ်လိုအားကစီးပွားရေးကျဆင်းတာကိုထေမိတဲ့အထိ မြင့်တက်မလာတာ စတဲ့အချက်တွေကို ရင်းနှီးမြှုပ်နှံသူတွေအတွက်မှားခဲ့ပုံရပါတယ်။ အကျိုး အမြတ် မရရှိနိုင်တော့မဲ့ အခြေအနေတွေကြောင့် အမှာစာတွေကျဆင်းမဲ့ အခြေအနေတွေကို ရောက်ရှိလာခဲ့ပါတယ်။ ဒါကြောင့် ဝေါစထရိက ဝင်ငွေ ခန့်မှန်းချက်တွေက ပြင်ပမှာ ကျွမ်းကျင်သူများအမြင်မှာ အမှန်နဲ့ ဝေးလွန်း နေတယ်လို့ ယူဆစရာဖြစ်နေပါတယ်။         Source.reuters.com