Main menu

Background

ပြည်ပမှလုပ်သားများ၏ မိသားစုအတွက် စည်းမျဉ်းများကို စင်ကာပူက တင်းကျပ်မည်

Wed, 07/18/2012 - 07:25 -- Anonymous (not verified)

         ပင်လယ်ရပ်ခြားမှ အလုပ်သမားများ အစုလိုက်အပြုံလိုက်ဝင်လာတာကို အများပြည်သူတို့က မကျေမနပ်ပြောလာကြပြီးနောက်ပိုင်း  စင်ကာပူနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားအလုပ်သမားတို့၏ မိသားစုတွေအတွက်တင်းကျပ်တဲ့ စည်းမျဉ်းတွေကို စင်ကာပူကပြဋ္ဌာန်းတော့မှာဖြစ်ပြီး လူဝင်မှုမူဝါဒတွေကို လည်း တင်းကျပ်တော့မှာဖြစ်ပါတယ်။ စက်တင်ဘာ ၁ ရက်ကစပြီး နိုင်ငံခြားသားဝန်ထမ်းတစ်ဦးက သူ့ဇနီးနဲ့ကလေးတွေ စင်ကာပူမှာနေနိုင်အောင် ထောက်ပံ့ရန် ယခင်ကလစာတစ်လကို စင်ကာပူဒေါ်လာ ၂၈၀၀ သတ်မှတ်ခဲ့ရာမှ ယခုအခါ စင်ကာပူဒေါ်လာ ၄၀၀၀ (အမေရိကန်ဒေါ်လာ ၃၁၅၀) ရဖို့ လိုအပ်မှာဖြစ်ကြောင်း လူအင်အားဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာပါရှိတဲ့ နှိုးဆော်စာမှာ ဖော်ပြထားပါတယ်။ တချို့အလုပ်သမားတွေက သူတို့မိဘတွေနဲ့ ယောက္ခမတွေကို ရက်ရှည်အလည် အပတ်ဗီဇာရနိုင်တော့မှာ မဟုတ်ပါဘူး။စီမံကိန်းချမှတ်ထားပြီးဖြစ်တဲ့ ပြောင်းလဲမှုတွေက စင်ကာပူရဲ့ ပြည်ပနိုင်ငံသားအရေအတွက် စင်ကာပူမှာ ကြီးထွားလာမှု ကို လျော့ပါးသွားအောင် ဆောင်ရွက်မဲ့ အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းနဲ့ ဒီလိုဆောင်ရွက်တဲ့အတွက် လူမှုအခြေခံအဆောက်အအုံမှာ ဖြစ်ပေါ်နေတဲ့ဖိအားပေးမှုတွေကို သက်သာစေနိုင်မှာ ဖြစ်ကြောင်းနဲ့ မည်သို့ပင်ဖြစ်စေ စင်ကာပူနိုင်ငံ က ကမ္ဘာ့စွမ်းရည်ထက်မြက်သူတို့ရဲ့ မြို့တော်အဖြစ်တည်ရှိနေမှာဖြစ်ကြောင်း ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်ကြေညာချက် မှာ ဖေါ်ပြထားပါတယ်။ စင်ကာပူနိုင်ငံအတွင်းသို့ မိသားစုတွေခေါ်ယူထားပြီးဖြစ်တဲ့ နိုင်ငံခြားသား လုပ်သားတွေအတွက် ဒီပြောင်းလဲမှုတွေထဲမှာ အကျုံဝင်းမှာမဟုတ်ေ ကြာင်း ကြေညာချက်မှာ ပါရှိပါတယ်။ စက်တင်ဘာ ၁ ရက်နောက်ပိုင်း အလုပ်ပြောင်းရွှေ့လိုသူတွေက စည်းမျဉ်းသစ်တွေအတိုင်း လိုက်နာရမှာဖြစ်ပါတယ်။Source.bloomberg.com