Main menu

Background

ဓာတ်ဆီအသွင်းမရှိ ဒီဇယ်ဆီအသွင်းလျော့

Wed, 07/18/2012 - 09:28 -- Anonymous (not verified)

ဓာတ်ဆီ၊ ဒီဇယ် တန်ချိန်နှစ်သောင်းငါးထောင်ကျော် တင်သွင်းလိုင်စင်လျှောက်ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇူလိုင် ၁ ရက်မှ ၇ ရက်တာကာလ အတွင်း ကုမ္ပဏီ ၁၀ ခုမှ ဒီဇယ်တန်ချိန် ၂၁၆၇၀ ဒသမ ၀၄ တန်နဲ့ ဓာတ်ဆီ ၄၈၀၀ ဒသမ ၀၁ တန်ကို တင်သွင်းဖို့ လိုင်စင်လျှောက်ထားလာကြတယ်လို့ သတင်း ရရှိပါတယ်။ ယခုတစ်ပတ်အတွင်း လိုင်စင်လျှောက်ထားမှုများပေမဲ့လည်း အမှန်တ ကယ်တင်သွင်းရောက်ရှိတဲ့ စာရင်းတွေအရ ဇွန် ၂၇ ရက်မှ ဇူလိုင် ၂ ရက်အတွင်း မှာတော့ တန်ချိန်က ၂၈၅၀ ဒသမ ၆၇ တန်သာ ရှိခဲ့တယ်လို့ သိရှိရပါတယ်။ရန်ကုန်ဈေးကွက်မှာ ဇူလိုင် ၉ ရက်မှ ၁၁ ရက်အထိ ဓာတ်ဆီနဲ့ ဒီဇယ် ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ရောင်း ချနေတဲ့ဈေးတွေက ဒီဇယ်တစ်ဂါလန်ကို ၃၆၅၀ ကျပ်နဲ့ ဓာတ်ဆီတစ်ဂါလန်ကို ၃၅၅၀ ကျပ်ဖြစ်ပါတယ်။ ပြင်ပလက်လီအရောင်းဆိုင်များမှာတော့ ဒီဇယ်တစ်ဂါလန် ကို ၃၅၀၀ ကျပ်နဲ့ရောင်းပြီး ဓာတ်ဆီတစ်ဂါလန်ကို ၄၆၀၀ ကျပ်နဲ့ ရောင်းချတယ် လို့ သိရပါတယ်။ ဇူလိုင်လဆန်းပိုင်းမှာ ဓာတ်ဆီတစ်ဂါလန် ၃၈၀၀-၃၉၀၀ ကျပ် ဈေးနဲ့ရောင်းချေ နရာမှ ဓာတ်ဆီခွဲတမ်းလျှော့ချလိုက်တဲ့အတွက် ဇူလိုင် ၅ ရက် နောက်ပိုင်းမှစပြီး ဓာတ်ဆီဈေးက မြင့်တက် လာခဲ့တယ်လို့ သိရပါတယ်။ ပုဂ္ဂလိက ဆိုင်ဈေးမှာတော့ အောက်တိန်း တစ်ဂါလန်ကို ၃၈၅၀ ကျပ်နဲ့ အဆင့်မြင့် ဒီဇယ် တစ်ဂါလန် ၃၈၅၀ ကျပ်နဲ့ပဲ ရောင်းချနေတယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဇူလိုင် ၉ ရက်မှ ၁၂ ရက်အတွင်း ပုဂ္ဂလိကစက်သုံး ဆီဆိုင်တွင် ဓာတ်ဆီတစ်ဂါလန်ကို ၃၇၀၀ ကျော်နဲ့ ဒီဇယ်တစ်ဂါလန်ကို ၃၆၀၀ ကျပ် နဲ့ရောင်းချနေပေမဲ့ ပြင်ပလက်လီအရောင်းဆိုင်မှာတော့ ဓာတ်ဆီတစ်ဂါလန် ကို ၄၃၀၀ ကျပ်ဖြစ်ပြီး ဒီဇယ်တစ်ဂါလန်ကို ၄၀၀၀ ကျပ်နဲ့ရောင်းချနေတယ်လို့ သိရပါတယ်။ ဒီလိုဈေးတက်ရတာကလည်း ခွဲတမ်းနည်းလို့ ဈေးတက်ရတာဖြစ် ပေမယ့် အရောင်းကပုံမှန်ပဲရှိနေတယ်လို့ ဆိုပါတယ်။    တောင်ကြီးဈေးကွက်မှာ ဇူလိုင် ၉ ရက်မှ ၁၂ ရက်ကာလအတွင်း ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဒီဇယ်ဈေးက တစ်ဂါလန် ၄၂၀၀ ကျပ်နဲ့ ဓာတ်ဆီက တစ်ဂါလန် ကို ၃၈၀၀ ကျပ်နဲ့ တစ်ပတ်လုံးငြိမ်နေပါတယ်။ ပြင်ပလက်လီအရောင်းဆိုင်မှာတော့ ဓာတ်ဆီတစ်ဂါလန် ၄၂၀၀ ကျပ်နဲ့ ဈေးရှိပြီး ဒီဇယ်က ၉ ရက်မှာ တစ်ဂါလန် ၃၇၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေပြီး ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်များတွင် ၃၅၀၀ ကျပ်ဈေးသို့ ပြန်လည်ကျဆင်းလာခဲ့တယ်လို့ သိရပါတယ်။မော်လမြိုင်ဈေးကွက်မှာ  ဇူလိုင် ၉ ရက်မှ ၁၂ ရက်အတွင်း ပုဂ္ဂလိက စက်သုံးဆီဆိုင်ရဲ့ ဓါတ်ဆီဈေးက ၃၆၅၀ ကျပ်ဖြစ်ပြီး ဒီဇယ်ဈေးက ၃၂၀၀ ကျပ်နဲ့ တစ်ပတ်လုံးဈေးငြိမ်နေတယ်လို့ သိရပါတယ်။ အပြင်လက်လီဈေးက ဓါတ်ဆီတစ် ဂါလံကို ၄၀၀၀ ကျပ်နဲ့ ဒီဇယ်တစ်ဂါလန်ကို ၃၃၀၀ ကျပ်ဈေးရှိပါတယ်။ ဆိုင်ဈေးက လည်းငြိမ်နေပြီး အပြင်ဈေးကလည်း ငြိမ်နေပေမဲ့လည်း အရောင်းအဝယ်ကတော့ ကောင်းနေတယ်လို့ သိရပါတယ်။                                         MIRT(DOT)ဓာတ်ဆီအသွင်းမရှိ ဒီဇယ်ဆီအသွင်းလျော့မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၁၄၃ သန်းတန်ဖိုးရှိတဲ့ ဒီဇယ်ဆီ ၃၅၇၀၀ ဂါလန်ကို ဇူလိုင် ၄ ရက်မှ ၁၀ ရက်ထိ ကာလအတွင်းမှာအသွင်းရှိခဲ့ပြီး  ယခုအပတ်မှာ နယ်စပ်မှဓာတ်ဆီ အသွင်းမရှိခဲ့ ပါဘူး။ နယ်စပ်မှ ဓာတ်ဆီ၊ ဒီဇယ်ဆီအသွင်းများတာ ကော့သောင်းနယ်စပ်မှဖြစ်ပါ တယ်။ ယခုအပတ် ကော့သောင်းနယ်စပ်ရှိ ဓာတ်ဆီနဲ့ဒီဇယ်ဆီပေါက်ေ ဈးများက တော့ ဒီဇယ်ဆီ ၁ ဂါလန်ကိုကော့သောင်းမှာ ၃၆၀၀ ကျပ်၊ တစ်ဖက်နိုင်ငံပေါက်ဈေး ၁၁၃ ဘတ်(၃ ဒသမ ၅၆ ဒေါ်လာ)၊ ဓာတ်ဆီ ၁ ဂါလန်ကို ကော့သောင်းမှာ ၃၈၀၀ကျပ်၊ တစ်ဖက်နိုင်ငံပေါက်ဈေး ၁၂၂ ဘတ်(၃ဒသမ ၄၆ဒေါ်လာ) ဈေးပေါက် လျက်ရှိတယ်လို့ သိရပါတယ်။                           MIRT(DOBT)  ၇-၇-၂၀၁၂ မှ  ၁၃-၇-၂၀၁၂ ထိ ဈေးကွက်အတွင်းရှိ နယ်စပ်စခန်းများမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ ပျမ်းမျှ ပေါက်ဈေးနှုန်းများ စဉ်နယ်စပ်စခန်း  ရေတွက်ပုံ ဓာတ်ဆီဈေးနှုန်း ဒီဇယ်ဈေးနှုန်း  တရုတ်    (ကျပ်)   (ကျပ်)  ၁။    မူဆယ်  ဂါလန်      3850     4050 ၂။ လွယ်ဂျယ်   ဂါလန်      4200    4150 ၃။ ချင်းရွှေဟော်   ဂါလန်      4000     4000     ထိုင်း      (ကျပ်)    (ကျပ်)  ၁။ ကော့သောင်း    ဂါလန်      3900    3500 ၂။ မြဝတီ    ဂါလန်      3050     3050 ၃။ တာချီလိတ်   ဂါလန်      3808    3865  အိန္ဒိယ        (ကျပ်)   (ကျပ်) ၁။ တမူး   ဂါလန်     4050    4350  ဘင်္ဂလားဒေ့ရှ်     (ကျပ်)   (ကျပ်) ၁။  စစ်တွေ   ဂါလန်     4400     3500 ၂။ မောင်တော   ဂါလန်     5500    4200