ဟောင်ကောင်ကို ဆန်အများဆုံးရောင်းချသူအဖြစ် ဗီယက်နမ်က ထိုင်းကို ကျော်ဖြတ်နိုင်
၂၀၁၂ မှာ ဟောင်ကောင်ဈေးကွက် ဝေစုရဲ့ ၅၀ - ၆၀ ရာခိုင်နှုန်းကို ဗီယက်နမ်ဆန် တင်ပို့နိုင်တဲ့အတွက် ဟောင် ကောင်ကို ဆန်တင်ပို့သူအများဆုံးအဖြစ် သတ်မှတ်ကြောင်း၊ ယင်းပမာဏသည် ထိုင်းနိုင်ငံကို ကျော်လွန်ကြောင်း၊ ဗီယက် နမ် စိုက်ပျိုးရေး နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန (MARD)မှ ပြောကြားပါတယ်။ ၂၀၁၂ ဇန်နဝါရီမှ မေအထိ ဟောင်ကောင်ကို ဗီယက်နမ် ဆန်တင်ပို့မှုက ဟောင်ကောင် ဈေးကွက် ဝေစုရဲ့ ၃၅ ရာခိုင်နှုန်းထိ ရှိခဲ့ပြီး၊ ဈေးနှုန်းနိမ့်ကျ ခြင်းက ယခုနှစ်ကျန် တဲ့လများအတွင်း နောက်ထပ်ဝေစု ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းထိ တိုးတက်နိုင်လိမ့်မယ်လို့ ဆိုပါ တယ်။ MARD မှ ပြောကြားချက်အရ ထိုင်းဆန်ဈေးကွက် ဈေးနိမ့်တဲ့အတွက် ဟောင်ကောင်မှာ ဗီယက်နမ်ဆန်က ထင်ရှားမှု ရှိလာတယ်လို့ သိရပါတယ်။ ဗီယက်နမ်ဆန်မွှေး တစ်တန် ကန်ဒေါ်လာ ၆၂၀ ဝန်းကျင်ရှိနေပြီး၊ ထိုင်းဆန်မွှေး က တစ်တန် ကန်ဒေါ်လာ ၁၀၂၀ အထက်မှာ ရှိနေတဲ့အပြင် ဗီယက်နမ်ဆန်အရည်အသွေးကမကြာသေးခင်နှစ်များအတွင်း တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၀ ခုနှစ်အတွင်း ဗီယက်နမ်ဆန်မွှွေးတန် ၁၅၀၀၀ ခန့် ဟောင်ကောင်ကိုတင်ပို့ခဲ့ပြီး၊ ၂၀၁၁ ခုနှစ်အတွင်းမှာ ၆ ဆခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဟောင်ကောင်ရဲ့ စုစုပေါင်း တင်သွင်းမှုရဲ့ သုံးပုံတစ်ပုံနီးပါးဖြစ်တဲ့ တန်ချိန် တစ်သိန်းကျော် တင်ပို့ခြင်းဖြင့် ဗီယက်နမ်နိုင်ငံဟာ ဟောင်ကောင်ကို ဒုတိယ အများဆုံး တင်ပို့သူဖြစ်လာခဲ့ပါတယ်။ ယခုနှစ်မှာလည်း တန် ချိန် ၄၀၀၀၀ ခန့် တင်ပို့ထားပြီးဖြစ်ကြောင်း သိရပါတယ်။လမင်း၊Source: oryza.com
