၂၀၁၂ ခုနှစ်မှာ ထိုင်းဆန်တင်ပို့မှု တန်ချိန် ၉ ဒသမ ၅ သန်းအထိ ရောက်ရှိနိုင်

    ၂၀၁၂ ခုနှစ်အတွင်း ထိုင်းဆန်ဈေးနှုန်းတွေ ကျဆင်းသွားမှာမဟုတ်တဲ့အပြင် ဆန်တင်ပို့မှုကလည်း တန်ချိန် ၉ ဒသမ ၅ သန်းအထိ ရောက်ရှိလိမ့်မယ်လို့ ထိုင်းနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် Yanyong Phuangrash  ကပြောကြားလိုက်တယ်။ ၎င်းင်းကဗီယက်နမ်မှာသိုလှောင်ထားတဲ့ဆန်တွေကုန်လုနီးပါးဖြစ်နေရာ ၂၀၁၂ ခုနှစ် ဒုတိယ၆ လ အတွင်းထိုင်းဆန်ကို ပြည်ပမှဝယ်လိုအားများလာကာ ၂၀၁၂ ခုနှစ် ၊ တစ်နှစ်လုံးအတွက် ဆန်တန်ချိန် ၉ ဒသမ ၅ သန်းအထိ တင်ပို့နိုင်လိမ့်မယ်လိ့ု ပြောကြားခဲ့ကြောင်း သိရပါတယ်။ပပ၊Source :oryza.com