Main menu

Background

တစ်ပတ်အတွင်း မတ်ပဲတစ်တန် ကျပ်တစ်သိန်းနီးပါး ဈေးခုန်တက် မတ်ပဲနဲ့ ပဲစင်းငုံ FOB အရောင်းအဝယ်သွက်လျက်ရှိ

Sun, 07/22/2012 - 05:21 -- Anonymous (not verified)

ယခုတစ်ပတ် ပဲမျိုးစုံတင်ပို့မှုယခင်တစ်ပတ်ထက်လျော့လာ    ယခုတစ်ပတ်ပဲမျိုးစုံတင်ပို့မှုက ပြီးခဲ့တဲ့ အပတ်ထက် လျော့နည်းတာတွေ့ရပါတယ်။ ဇူလိုင် ၉ ရက်မှ ၁၃ ရက်အထိ ပဲမျိုးစုံတန်ချိန် ၃၁၇၈၅ သာရှိလို့ ပြီးခဲ့တဲ့ သီတင်းပတ် တင်ပို့ခဲ့တဲ့ တန်ချိန် ၆၄၇၉၁ ထက် ထက်ဝက်ခန့် ကျဆင်းခဲ့ပါ တယ်။အထူးသဖြင့် ပဲတီစိမ်းမှာယခင်တစ်ပတ်က တင်ပို့မှု ထူး ထူးခြားခြားမြင့်တက်ရာမှ ယခုတစ်ပတ်မှာ ပုံမှန်အနေ အထားအတိုင်း ပြန်တင်လာတာကြောင့် ဖြစ်ပါတယ်။ ယခု တစ်ပတ် ပဲတီစိမ်း တန် ၂၅၀၀ ဝန်းကျင်နဲ့ ပုံမှန်ဈေးကွက် တွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှား၊ ယူအေအီး၊ စင်ကာပူနဲ့ မလေးရှားတို့ကို တင်ပို့တာ တွေ့ရပါတယ်။ ဒီတစ်ပတ်မှာ ဗီယက်နမ်ကတဆင့် တရုတ်ကို တင်ပို့မှုမရှိဘဲ နယ်စပ်လမ်းကြောင်းကသာ တင်ပို့မှုပိုများတယ်လို့ သိရပါ တယ်။ အညာပဲတီစိ မ်းတွေ ဝင်လာနေပြီဖြစ်သလို ပဲတီရွှေဝါ ကို ပြည်ပအဝယ်ပုံမှန်ရှိ FOB ဈေးအနည်းငယ် တိုးလာသ လို ပြည်တွင်းဈေးမှာလည်း တစ်တန် ၂၇၀၀၀-၃၀၀၀၀ ကျပ်ခန့် တိုးလာခဲ့ပါတယ်။  အိန္ဒိယမတ်ပဲဈေးမြင့်တက်သလို ပြည်တွင်း အရောင်း အဝယ်များပြီး ဈေးသိသိသာသာပို    ပြည်တွင်းဈေးကွက်မှာရော၊ ဘုရင့်နောင် FOB ဈေး ကွက်မှာပါ မတ်ပဲကတော့ စံချိန်တင်လောက်အောင် တစ် ပတ်အတွင်း တစ်တန် ကျပ်တစ်သိန်းခန့် မြင့်တက်လာခဲ့ ပါတယ်။ ဒီသီတင်းပတ် အစပိုင်းမှာ မတ်ပဲ တစ်တန်ကျပ် ၅၃၅၀၀၀ အထက်ရှိနေခဲ့ရာမှ ဇူလိုင် ၂၀ ရက် သီတင်းပတ် ပိတ်ရက်မှာတော့ ကျပ် ၆၂၉၀၀၀ ထိ မြင့်တက်လို့ လာခဲ့ပါ တယ်။ ရန်ကုန် FOB ဈေးမှာလည်း တစ်တန် ကန်ဒေါ်လာ ၅၈၀ ရှိခဲ့ရာမှ ဒီတစ်ပတ် ဇူလိုင် ၂၀ ရက်မှာ ကန်ဒေါ်လာ ၇၀၀ အထိ ခုန်တက်လာခဲ့ပါတယ်။ အိန္ဒိယမွန်ဘိုင်း ဈေး ကွက်မှာ ပြီးခဲ့တဲ့ ၂ ရက်အတွင်း တစ်တန် ကန်ဒေါ်လာ ၆၀ ကျော်မြင့်တက်လာခဲ့သလို ပြည်တွင်းကုန်သည်တွေ တစ် လက်ပြီး တစ်လက် အရောင်းအဝယ် စိပ်နေတာကြောင့် မတ်ပဲဈေး သိသိသာသာပိုလာတာ ဖြစ်တယ်လို့ သိရပါတယ်။    လက်ရှိဘဏ္ဍာနှစ် ဇူလိုင် ၁၃ ရက်အထိ စုစုပေါင်း မတ်ပဲ တန်ချိန် ၂၃၈၀၀၀ နီးပါးတင်ပို့ထားပြီးဖြစ်လို့ ကုန် သည်ကြီးတွေ လှောင်လက်တွေလက်ထဲ မတ်ပဲလက်ကျန် အထိုက်အလျောက်တော့ ရှိနေသေးတယ်လို့ ခန့်မှန်းထားပါ တယ်။ ဒါပေမဲ့ သြဂုတ်၊ စက်တင်ဘာလ တွေမှာ အိန္ဒိယ ဝယ်လိုအား ကြီးကြီးမားမားပေါ်တက်တဲ့ ကာလမှာ ဈေး အမြင့်နဲ့ ရောင်းချဖို့ လှောင်လက်ကြီးတွေ ကိုင်ထားကြတယ် လို့ သိရပါတယ်။ဒါပေမဲ့လတ်တလောမှာလည်း FOB အရောင်း အဝယ်ကပုံမှန်ပမာဏတန်ချိန် ၁၅၅၀၀ ခန့်ရှိနေ တာ တွေ့ရပါတယ်။ ပဲစင်းငုံ အရောင်းအဝယ် ပြန်တက်လာပေမဲ့ မတ်ပဲဈေး လောက်မတက်    ပဲစင်းငုံ FOB အရောင်းအဝယ်ဖြစ်မှုက ဒီတစ်ပတ်ပိုလာ တာ တွေ့ရပါတယ်။ ဒါပေမဲ့ ပြည်ပတင်ပို့မှုကတော့ ပြီးခဲ့တဲ့ တစ်ပတ်ထက်လျော့ကျခဲ့ပါတယ်။ ကုန်သည်ကြီးတွေ တော် တော်များများမှာ မတ်ပဲလက်ကျန်ရှိနေပေမဲ့ ပဲစင်းငုံကတော့ ထင်သလောက် သိပ်မရှိဘူးလို့ ခန့်မှန်းကြပါတယ်။ လတ် တလောအိန္ဒိယဝယ်လက်တွေက သြဂုတ်လ သင်္ဘောတင် အတွက် မာလာဝီ၊ တန်ဇန်းနီးယားက ကမ်းလှမ်းတဲ့ ပဲစင်းငုံ တွေကို ဝယ်ယူမှုရှိနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အာဖရိ က ပဲပြတ်မယ့် ဒီဇင်ဘာ၊ ဇန်နဝါရီမှာတော့ မြန်မာဘက်ကို ဝယ်လိုအား ပမာဏကြီးကြီးနဲ့ တကြော့ပြန်လာရင်တော့ ပဲစင်းငုံလည်း ထူးထူးခြားခြား မြင့်တက်လိမ့်ဦးမယ်လို့ ကုန် သည်တစ်ဦးက သုံးသပ်ထားပါတယ်။    မြန်မာနိုင်ငံမှာလည်း ဝါထပ်တဲ့အတွက် ဒီနှစ်ပဲအထွက် နောက်ကျနိုင်တဲ့အတွက် လာမယ့်နှစ်ဆန်းမှာတော့ ပစ္စည်း လက်ကျန်ပြတ်လတ်နိုင်လို့ ကုန်သည်တစ်ချို့က ပဲစင်းငုံရောင်း ချမှု ထိန်းထားတယ်လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင် ၁၃ ၇က်အထိ ပဲစင်းငုံတန်ချိန် ၁၂၀၀၀၀ ကျော်တင်ပို့ ထား ပြီးဖြစ်လို့ မနှစ်က ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၅၆၅၀၀ ကျော်နဲ့ယှဉ်ရင် တစ်ဆပိုတင်ထားတာ တွေ့ရပါတယ်။    ကုလားပဲအနေနဲ့ ပြည်တွင်းမှာလက်ကျန်သိပ်များများ မရှိတော့တာကြောင့် ပြည်တွင်းသုံးအတွက်သာ အရောင်း အဝယ်အဖြစ်များပြီး ပြည်ပတင်ပို့ဖို့အတွက် တန် ရာဂဏန်း သာ အရောင်းအဝယ်ရှိပါတယ်။ ဇူလိုင် ၁၃ ရက်အထိ လက်ရှိ ဘဏ္ဍာနှစ်အတွင်း တန်ချိန် ၃၆၈၀၀ ကျော်တင်ပို့ ထားပြီး ကြောင်း သိရပါတယ်။ အခြားပဲဈေးတွေတက်သလို ကုလားပဲ FOB ဈေးလည်း တိုးလာခဲ့ပါတယ်။       MIRT(MAPT)