Main menu

Background

ကုလားပဲကြိုပွိုင့်ဈေးနှုန်းများ ထပ်မံမြင့်တက်ဖွယ် ရှိနိုင်

Sun, 07/22/2012 - 05:39 -- Anonymous (not verified)

    အိန္ဒိယမှာ ပွဲတော်ရာသီမတိုင်မီ ကုလားပဲ ဝယ်လိုအားများလာခြင်း ၊ ဈေးကွက်အတွင်း ပဲအဝင် ကျဆင်းခြင်းတို့ကြောင့် NCDEX ကြိုပွိုင့်ရောင်းဝယ်ရေးမှာ ကုလားပဲကြိုပွိုင့်ဈေးနှုန်းတွေ မြင့်တက်နေပြီး ထပ်မံမြင့်တက်ဖွယ် ရှိတယ်လို့လည်း ခန့်မှန်း ကြတယ်။ ဇူလိုင် ၁၄ ရက်က ရောင်းချခဲ့တဲ့ သြဂုတ်လစာချုပ်ဈေးနှုန်းက တစ်ကွမ်တယ်လ်ကို ၄၇၄၁ ရူပီး (တစ်တန်ကို ကန်ဒေါ်လာ ၈၆၂ ဝန်းကျင်) အထိ ရောက်ရှိမြင့်တက်ခဲ့တယ်။ လွန်ခဲ့တဲ့ သီတင်းပတ်မှစပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ မုတ်သုံမိုးရရှိလာပြီဖြစ်သော်လည်း ပဲအဓိက စိုက်ပျိုးတဲ့ဒေသတွေမှာ မိုးရရှိမှု လျှော့နည်းနေဆဲ ဖြစ်ကြောင်း၊ အိန္ဒိယပြည်တွင်း ပဲစိုက်ပျိုးမှု စုစုပေါင်းရဲ့ ၃၆ ရာခိုင်နှုန်း ဝန်းကျင်ကို မုတ်သုံရာသီမှာ ဆောင်ရွက်လေ့ရှိရာ ပဲ ထုတ်လုပ်မှုက မိုးရေလုံလောက်စွာ ရရှိမှုအပေါ် များစွာ မှီခိုနေကြောင်း သိရတယ်။    ဇူလိုင် ၁၂ ရက်အထိ စာရင်းတွေအရ မုတ်သုံမိုးနဲ့ စိုက်ပျိုးတဲ့ပဲစိုက်ဧကက ယခင်နှစ် အလားတူ ကာလစိုက်ဧကနဲ့ ယှဉ်ရင် ဟက်တာပေါင်း ၁၂ ဒသမ ၂၉ သိန်း လျော့နည်းနေကြောင်း သိရတယ်။ ကုလားပဲက မုတ်သုံမိုးနဲ့ စိုက်ပျိုးတဲ့ ပဲမဟုတ်သော်လည်း မုတ်သုံမိုး ကောင်းစွာရရှိထားတဲ့ မြေဆီလွှာနဲ့ ဆောင်းဦးမှာ စိုက်ပျိုးရတဲ့ပဲ ဖြစ်တယ်။ပပ၊Source :thehindubusinessline.com