Main menu

Background

ပဲလက်ကျန်လျော့လာလို့ ပြည်မတ်ပဲဈေး တဖြည်းဖြည်း မြင့်လာ

Sun, 07/22/2012 - 05:47 -- Anonymous (not verified)

    ပြည်မတ်ပဲဈေးမှာ တဖြည်းဖြည်း ဈေးမြင့်လာခဲ့ပေမယ့် ပဲအဝင်ပါးလာခဲ့တယ် လို့သိရပါတယ်။ ပြည်၊ အောင်လံကြားရွာ များမှ ပဲလက်ကျန်ရှိတဲ့ အချို့တောင်သူ များက လှောင်ပဲများကို ရောင်းချလာကြလို့ နေ့စဉ်အိတ် ၂၀၀ ခန့် အဝင်ရှိတယ် လို့ သိရပါတယ်။ ပြည်ပဲဈေးကွက်မှာ အဝင်နည်းနေပေမယ့် ဈေးမြင့်နေပြီး၊ ရန်ကုန် ဝယ်လက်ကလည်း  ဝယ်အားများနေတယ်လို့ သိရပါတယ်။ ဇူလိုင်လ တတိယ ပတ်ရဲ့ အစရက်မှာ မတ်ပဲတစ်တင်းကို ၁၆၆၀၀ ကျပ်မှ အလယ်ရက်မှာ ၁၈၀၀၀ ကျပ်ထိ မြင့်လာခဲ့ တယ်လို့သိရပါတယ်။ ရန်ကုန် ဝယ်လက်မှ တစ်နေ့ကို အိတ် ၆၀၀-၇၀၀ ခန့် အဝယ်ဖြစ်ပြီး၊ ပြည်မှ ရန်ကုန်ဘုရင့်နောင်သို့ တစ်နေ့ အိတ် ၃၅၀၀ ခန့် တင်ပို့မှုရှိတယ်လို့သိရပါတယ်။                                မိမိအေး