ချင်း(ဥမ)တွေ အဝင်များသလို၊ ပုံမှန်လည်းပြန်ရောင်းနေရပါတယ်။ အောင်ပန်း ဈေးကွက်မှာ တစ်ရက်ကို ပိဿာချိန်ထောင်ချီပြီး အဝင်ရှိနေတယ်လို့သိရပြီး၊ ပဲခူးနဲ့ မန္တလေးက အတော်များများဝယ်ယူနေတယ်လို့သိရပါတယ်။ ချင်းတက်တွေကတော့ အဝင်အတော်နည်းသွားပါတယ်။ လက်ကျန်ရှိနေပေမယ့် ဈေးကွက်မှာတော့ အဝင် သိပ် မရှိဘူးလို့လည်းသိရပါတယ်။ အောင်ပန်းဈေးကွက်မှာဝင်နေတဲ့ ချင်းတက်တွေမှာတော့ မြေဖြူချင်း၊ မြေနီချင်းဆိုပြီးရှိရာက မြေဖြူချင်း ကတော့ အဝင်မရှိသလောက်ဖြစ်နေပါပြီ။ မြေနီချင်းတွေသာ အဝင်ရှိနေပြီး တစ်ပိဿာကို ၃၀၀ ကျပ်၊ ၃၂၀ ကျပ် ဈေးရှိပါ တယ်။ ချင်း (ဥမ) ကတော့ တစ်ပိဿာကို ၂၀၀ ကျပ် ပတ်လည်လောက်သာ ရှိ ပါတယ်။ ချင်းခြောက်ကတော့ မန္တလေးဝယ်လက်တွေက အနည်းအကျဉ်းလောက် သာ ဝယ်ယူမှုရှိနေတယ်လို့လည်း သိရပါတယ်။ ချင်းခြောက်ဈေး ကတော့ အမျိုး အစားပေါ် မူတည်ပြီး ဈေးကလည်းကွာပါတယ်။ ဒီတစ်ပတ် ချင်းခြောက် ဈေး ကတော့ တစ်ပိဿာ ၁၃၀၀ ကျပ်၊ ၁၄၀၀ ကျပ်ဈေးရှိတယ်လို့သိရပါတယ်။ ဟိုပုံးဈေးကွက်မှာတော့ ချင်းခြောက်လည်း လက်ကျန်နည်းနေပြီ ဖြစ်တာ ကြောင့် အဝင်ကလည်း နည်းနေပါပြီ။ ရန်ကုန်၊ မန္တလေးဝယ်လက်တွေ ဝယ်ယူနေ တာကြောင့် တစ်ပိဿာကို ၁၄၀၀ ကျပ်ဈေးရှိပါတယ်။ဧဧခိုင်
Background