Main menu

Background

မန်ကျည်း တင်ပို့အားကောင်း

Sun, 07/22/2012 - 05:56 -- Anonymous (not verified)

    ပြည်ပကို ပင်လယ်ရေကြောင်းလမ်းမှမန်ကျည်းတင်ပို့မှု ဇူလိုင် ၈ ရက်မှ ၁၄ ရက်တာ ကာလအတွင်း ၁၇၃ တန်ရှိခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာ ပူနိုင်ငံကို ၁၄၈ တန်နဲ့ ထိုင်းနိုင်ငံကို ၂၅ တန်ဖြစ်ပါတယ်။ ယခင်သီတင်းပတ် မန်ကျည်း တင်ပို့မှုက တန်ကိုးဆယ်ကျော်ရှိခဲ့ပြီးဒီတစ်ပတ်မှာ တန်ရှစ်ဆယ် ကျော်ပိုမို တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်တစ်တန်ကို FOB ဈေးကန်ဒေါ်လာ လေးရာ့ သုံးဆယ်ကျော်ရရှိခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ်မှာ FOB ဈေးက ကန်ဒေါ်လာ လေးရာ့ခုနစ်ဆယ်ကျော်ထိ ရရှိခဲ့ပါတယ်။MIRT(DOT)