ဒီတစ်ပတ်မှာ နနွင်းအဝင်နည်းပါတယ်။ မန္တလေးဝယ်လက်တွေကလည်း အဝယ်ရပ်နေတာကြောင့် ဈေးကလည်းငြိမ်နေပါ တယ်။ ဆင်တောင်နနွင်းတွေလည်း အောင်ပန်းဈေးကွက်ကို လက်လီလောက်သာ အဝင်ရှိနေပါတယ်။ ထိပ်စနနွင်းတွေ အဝယ်ရပ်နေပေမဲ့ ညံ့စဖြစ်တဲ့ ပင်လောင်းနနွင်းကတော့ တစ်ပိဿာကို ၃၀၀ ကျပ်၊ ၃၇၅ ကျပ်နဲ့ အရောင်းအဝယ် အနည်း ငယ်ဖြစ်နေပါတယ်။ ဆင်တောင်နနွင်းကတော့ တစ်ပိဿာ ၁၂၀၀ ကျပ်ဈေးရှိပါတယ်။ ဟိုပုံးနနွင်းကိုတော့ တစ်ပိဿာ ၇၃၀ ကျပ်နဲ့ လှောင်လက်တွေက ဝယ်ယူနေကြပါတယ်။ အဝင်ကလည်း သိပ်မရှိတော့ပေမဲ့ လက်ကျန်ကတော့ တန် ၅၀၀ ခန့်ကျန်နေသေးတယ်လို့လည်းသိရပါတယ်။ မန္တလေးဝယ်လက်တွေကတော့တစ်ပိဿာ ၇၀၀ ကျပ်ဈေးနဲ့ရရင် ထပ်ပြီးဝယ်ယူဦးမယ်လို့လည်းဆိုပါတယ်။ လောလောဆယ်မှာတော့ လှောင်လက်တွေကလည်း ထုတ် မရောင်း သေးတာကြောင့် အရောင်းအဝယ်ကလည်း ခပ်အေးအေးသာ ရှိပါတယ်။ ဧဧခိုင်
Background