Main menu

Background

ဖိလစ်ပိုင်မှာ ကြက်သွန်နီ ပြတ်လပ်

Sun, 07/22/2012 - 06:02 -- Anonymous (not verified)

    ဖိလစ်ပိုင်အစိုးရကသာ ကြက်သွန်နီတင်သွင်းခွင့်မပြုခဲ့ရင် ကြက်သွန်နီတစ်ကီလိုကို ပီဆို ၁၀၀(ကန်ဒေါ်လာ ၂ ဒသမ ၃၉)ထိ ရောက်ရှိနိုင်တယ်လို့ ကြက်သွန်နီ ကုန်သည်များနဲ့ လက်လီသမားများက ဇူလိုင် ၁၇ ရက်မှာ သတိပေးပြော ကြားတယ် လို့ သိရပါတယ်။ ကြက်သွန်နီပြတ်လပ်နေတာကြောင့် နွေရာသီနှောင်းပိုင်းကတည်းက ဈေးနှုန်းအမြင့်ကို တက်လာခဲ့ကြောင်း၊ စိုက်ပျိုးရေးဌာနကို သတင်း ပို့ထားပြီးဖြစ်တယ်လို့ ကြက်သွန်နီကုန်သည် Gigi  Marquez မှ ပြောကြားပါတယ်။    ဟင်းသီးဟင်းရွက်ကဏ္ဍ နေ့စဉ်လည်ပတ်မှု ထိခိုက်နေခြင်းကို ဖြေရှင်းဖို့ ဟင်းသီးဟင်းရွက်တင်သွင်းသူများနဲ့ တင်ပို့သူများ အသင်းမှ စိုက်ပျိုးရေးအရာရှိများနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ဇူလိုင်မှ ဒီဇင်ဘာအတွင်း ကြက်သွန်နီ တန် ၂၁၀၀၀ တင်သွင်းဖို့အသင်းမှတောင်းဆိုထားကြောင်း အသင်းဥက္ကဌ Leah  Cruz  မှ ပြောကြားပါတယ်။ နိုဝင်ဘာမှ ဒီဇင်ဘာ အတွင်း ခရစ်စမတ်ရာသီကာလဟာ ဝယ်လိုအားတက်လေ့ရှိတာကြောင့် အဲဒီကာလက အရေးကြီးတယ်လို့ ဆိုပါတယ်။    လက်ရှိ ကြက်သွန်နီ တစ်ကီလို ပီဆို ၇၀ (ကန်ဒေါ်လာ ၁ ဒသမ ၆၇)ရှိပြီး၊ အခွံအဖြူရောင်ကြက်သွန်နီ တစ်ကီလို ပီဆို ၆၅ (ကန်ဒေါ်လာ ၁ ဒသမ ၅၅)ရှိကြောင်းသိရပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ ၂၀၁၁ ထုတ်လုပ်မှုက အိတ် ၃ ဒသမ ၁၅ သန်း ရှိရာမှ ၂၀၁၂ မှာ ၁၂ ရာခိုင်နှုန်းကျဆင်းပြီး၊ အိတ် ၂ ဒသမ ၇၇ သန်းသာရှိနိုင်တယ်လို့ ကြက်သွန်နီ စိုက်ပျိုးသူများက ဆိုပါ တယ်။                                                     ယမင်းခင်၊Source:  manila standard  today