Main menu

Background

ဘဏ္ဍာရေးစားသုံးသူ ကာကွယ်ရေး

Sun, 07/22/2012 - 06:43 -- Anonymous (not verified)

အမြတ်များများပိုထွက်စေရန် အစီရင်ခံစာ များတွင် မမှန်မကန် ဖော်ပြခြင်းဖြင့်  ဈေးကွက် အတိုးနှုန်းကို လိမ်လည်လုပ်ကြံမှု အတွက်  ဘာ ကလေဘဏ်ကြီးအပေါ် ဒဏ်ငွေ ပေါင်သန်း၂၉၀ (ဒေါ်လာ ၄၅၃ သန်း) တပ်ရိုက်ခဲ့သည်။ အဆိုပါ အမှုကို  စုံစမ်းဖော်ထုတ်ခဲ့ရာတွင် ကမ္ဘာကျော် ဘဏ်လုပ်ငန်းကြီးများဖြစ်ကြသည့်  စီးတီးဘဏ် (Citibank)နှင့် ဂျေပီမော်ဂန် (J.P. Morgan) တို့မှအစ ဟောင်ကောင်-ရှန်ဟိုင်း ဘဏ်လုပ်ငန်း ကော်ပိုရေးရှင်း (HSBC) နှင့်  လွိုက်ဘဏ်လုပ် ငန်းစု (Lloyd’s Banking Group)  တို့အထိ အလားတူ လိမ်လည်လုပ်ကြံမှုများ ဆောင်ရွက် ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။ တစ်နည်းပြောရလျှင် စားသုံးသူများအား  မထိခိုက်၊  မနစ်နာစေရေး အတွက် အကြီးအကျယ် တိုးမြှင့်ကာကွယ်ပေးရန် အရေးတကြီး လိုအပ်နေပြီဖြစ်ေ ကြာင်း  ဧရာမ ဘဏ်လိမ်လည်မှုများက  သတိပေးလိုက်ခြင်းဖြစ် သည်။ယခုပေါ်ပေါက်သည့်   လိမ်လည်မှုတွင် အတိုးနှုန်းကို လျှော့ချခဲ့ခြင်းဖြစ်၍ အကြွေးဝယ် ကတ် (Credit card) အသုံးပြုသူ များ၊ ကောလိပ် ကျောင်းတွင် ပညာသင်ကြားရန်နှင့် နေအိမ်ဝယ် ယူရန် ဘဏ်ချေးငွေယူခဲ့ရသူများအတွက် အတိုး စရိတ်သက် သာစေသဖြင့်  အမြတ်ထွက်သည်ဟု ဆိုနိုင်သည်။ သို့သော်လည်း လိမ်လည်လုပ်ကြံမှု ကတော့လိမ်လည်လုပ်ကြံမှုသာဖြစ်သည် ။ နောက် တစ်ကြိမ်ဆိုလျှင် အတိုးနှုန်းပိုများအောင်  မမှန် မကန် လုပ်လာခဲ့သော် မခက်ပေဘူးလား။ အတိုး စရိတ်သက်သာသဖြင့် အမြတ်ထွက်သူများရှိသလို တစ်ဖက်မှာ ငွေစုဆောင်းသူများနှင့် ပုံသေဝင်ငွေ ဖြင့်သာ အသက်မွေးနေရသည့်  အငြိမ်းစားများ အတွက် အိပ်မက်ဆိုးတွေဖြစ်နေသည်။၂၀၀၅ ခုနှစ်မှစ၍ ဘာကလေဘဏ်ကြီး (Barclays) သည် မိမိကချေးယူထားသည့် ငွေ များအတွက်အမှန်ကုန်ကျသင့်သည့်စရိတ် (အတိုး) ထက် လျော့နည်းသက်သာနေကြောင်း တွေ့ရ သည်။ (အခြားဘဏ်များလည်း အလားတူ လျော့ နည်းသက်သာ ခဲ့ကြဖွယ်ရှိသည်။) အများလက်ခံ ထားကြသော လန်ဒန်ဘဏ်အချင်းချင်း ပေးကြ သည့်  အတိုးနှုန်း   (London Inter-Bank Offered Rate,LIBOR) အပါအဝင် စံအဖြစ် လက်ခံကြရသည်အထိ သြဇာကြီးမားသည့် ချေး ငွေအပေါ် ပေးရန်အတိုးနှုန်းများ (Benchmark lending rates) ကို နှုန်းရှင်တန်ဖိုး သတ်မှတ် ထားသည့်အိမ်အပေါင်ဝယ်ယူမှုများ(Adjustable mortgages)၊ စားသုံးသူတို့ ကျခံရမည့်အခြားနှုန်း ထားများ(Consumer rates)  နှင့်  ပုံသေချိတ် (Pegged)  ထားသည်။   "လိမ်လည် လုပ်ကြံတဲ့သူ တွေကို ဖော်ထုတ်နိုင်ခဲ့တာက  သိပ်အရေးကြီး တယ်။ လန်ဒန်ဘဏ်အတိုးနှုန်း (LIBOR) ဆိုတဲ့ စကားလုံးက အသိရခက်သလို ဖြစ်နေတယ်။ သို့ ပေမဲ့ အဲဒီအတိုးနှုန်းဟာ စားသုံးသူတွေပေးကြရ တဲ့ တစ်ကမ္ဘာလုံး အသိအမှတ်ပြု  စံအတိုးနှုန်း ဖြစ်နေတယ်"ဟု ကုန်စည်  ကြိုတင်ကုန်သွယ်မှု ကော်မရှင် (Commodity Futures Trading Commission, CFTC) မှ ကော်မရှင်နာ ဘတ် ချီလ်တန်က နယူးယောက်တိုင်းမ် သတင်းစာသို့ ပြောကြားခဲ့သည်။အဓိကအချက်မှာ အဆိုပါအတိုးနှုန်း သတ် မှတ်သည့် အစီအစဉ်ကို မည်သို့တွက်ချက်သတ် မှတ်ကြောင်း စားသုံးသူတစ်ဦး  နားလည်အောင်  ထိုက်သင့်သလောက် စီစဉ်ဆောင်ရွက်ထားမှု လုံး၀ မရှိခြင်းဖြစ်သည်။ ထို့ကြောင့်ပင်  ဘဏ္ဍာရေး အသိ ပညာ ဖြန့်ဝေပေးရေးလှုပ်ရှားမှုများ ပိုမိုကျယ် ပြန့်လာရခြင်းဖြစ်သည်။  ထိုလှုပ်ရှားမှုများသည် လူအများအား  ငွေကြေး အကြောင်း  အတော် အသင့် သိရှိနားလည်စေရန် သင်ကြားပေးခြင်းဖြင့် စတင်ခဲ့သည်။ ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်များ နှင့် ရင်းနှီးမြှုပ်နှံမှုများကို မှန်ကန်ကျနစွာ ဆောင် ရွက်နိုင်ရေးအတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။မကြာသေးမီနှစ်များအတွင်းက ရင်းနှီးမြှုပ် နှံမှု ဆင့်ပွားစတော့ရှယ်ယာများ (Drivatives)  ကဲ့သို့သော ဘဏ္ဍာရေးထုတ်ကုန်များ (Financial products) ကို လူအများ နားလည်နိုင်သည်အထိ ရိုးရိုးရှင်းရှင်းဖြစ်စေရေးကို အလေးထားဆောင် ရွက်ရန် လှုံ့ဆော်တိုက်တွန်းမှုများ ပေါ်ထွက်လာ ခဲ့သည်။ (ဒါရိုက်တာ မိုက်ကယ်မိုးရိုက်ကူးသည့် အရင်းရှင်စနစ် (Capitalism) မှတ်တမ်းရုပ်ရှင် ထဲတွင် Drivatives ဟူသော   ဝေါဟာရကို တက္ကသိုလ် ဘောဂဗေဒပါမောက္ခနှင့် ဘဏ္ဍာရေး လုပ်ငန်းလုပ်ကိုင်ေ နသူအချို့ ကိုယ်တိုင်ပင် အဓိ ပ္ပာယ်ဖွင့်ဆိုပြရန် မလွယ်ကူကြောင်း ဖော်ထုတ် ထားသည်။) ရိုးရှင်းအောင် စီစဉ်ပေးခြင်းဖြင့် မိမိ ဝယ်ယူသည့် ရင်းနှီးမြှုပ်နှံမှုအကြောင်းကို သာမန် လူများပင်သိရှိနားလည်စေနိုင်မည်ဖြစ်သည်။ ထိုသို့ လှုံ့ဆော်လှုပ်ရှားရာတွင် ဘဏ္ဍာရေးအဖွဲ့အစည်း ဆိုင်ရာကာကွယ်မှုများ ပိုမိုတိုးမြှင့်ပေးရန် တောင်း ဆိုကြသည်။ ရောင်းချသည့် အဆင့်တွင် တတိယ အုပ်စုတစ်ခုခုက အကြံပေးခြင်း (Third-party point-of-sale advice) နှင့် စည်းမျဉ်းစည်းကမ်း ဖော်ပြချက် စာရွက်စာတမ်းများ ကို  တိုတိုရှင်းရှင်း ရေးသားပြီး၊ အရေးပါသည့် အချက်များကို မျက်နှာ မည်းစာလုံးများဖြင့် ဖော်ပြပေးခြင်းတို့ကဲ့သို့ ကြို တင်ကာကွယ်မှုများကို တောင်းဆိုခြင်းဖြစ်သည်။ဘဏ္ဍာရေးလုပ်ငန်းများ ပြောင်းလဲလာမှုမှာ အလွန်မြန်ဆန်လွန်းနေသည်။ သို့ဖြစ်၍ ဘဏ္ဍာ ရေးဆိုင်ရာ ပညာပေးရေး လုပ်ငန်းများမှာ လိုက် မမီနိုင်အောင်ဖြစ်နေသည်။  ဘဏ္ဍာရေးလုပ်ငန်း ကုမ္ပဏီများ၏ ဈေးကွက်ဖွင့်နိုင်စွမ်းက အလွန် ကြီးမားသဖြင့် ကျောင်းစာသင်ခန်းထဲမှာ  သင်ယူ လာခဲ့သည့် မည်သည့်သင်ခန်းစာကိုမဆို လွှမ်းမိုး ပစ်နိုင်သည်။ ထို့ကြောင့် ဘဏ္ဍာရေးလုပ်ငန်းများ အတွက် လိမ်ချင်စရာအကွက်ကောင်း ရနေသည်။ တကယ်တော့ ဘဏ္ဍာရေးပညာပေးရုံဖြင့် မလုံ လောက်ပေ။ ဘဏ္ဍာရေးထုတ်ကုန်များ လွယ်ကူ ရှင်းလင်းမှု မရှိသေးသလို၊ တတိယအုပ်စုမှ အကြံ ပေးနိုင်ခြင်းလည်း မရှိသေးပေ။  ထိုသို့ အကာ အကွယ်ပေးမှုများအပြင် အစိုးရ၏ကြီးကြပ်မှုလည်း လိုအပ်သည်။ ငွေကြေးကမ္ဘာတွင် ဘဏ္ဍာရေး အဖွဲ့ အစည်းများကို ဆန့်ကျင်ရင်ဆိုင်ရမည့်သူများမှာ စားသုံးသူ ပြည်သူများပင်ဖြစ်သည်။ စားသုံးသူ ဖောက်သည်များအနေဖြင့်  ရနိုင်သမျှလက်နက် များကို ကိုင်ဆောင်ထားရန် လိုအပ်နေသည်ဟု ဆိုပါသည်။Ref; moneyland.time.com