Main menu

Background

တရုတ်နိုင်ငံ၏ စီးပွားရေးအပေါ် မျှော်လင့်ချက်ကောင်းများ ရှိလာ၍ ရွှေဈေးနှုန်း ခိုင်မာနေ

Sun, 07/22/2012 - 06:51 -- Anonymous (not verified)

        တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က တရုတ်နိုင်ငံရဲ့ စီးပွားရေးတည်ငြိမ်စေဖို့ ကြိုးပမ်း လျက်ရှိပြီး ၂၀၁၂ ခုနှစ် ဒုတိယနှစ်ဝက်မှာ မူဝါဒဖြေလျော့မှုတွေ  တိုးမြှင့်ဆောင်ရွက်သွား မယ်လိ့ု ပြောကြားလိုက်ရာ ဇူလိုင် ၁၆ ရက် ကမ္ဘာ့ရွှေဈေးနှုန်းများ အနည်းငယ်ခိုင်မာ လာတယ်။ဒါ့အပြင် တရုတ်နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းအချို့က ရည်မှန်းချက်ပမာဏ နီးပါးအထိ ရောက်ရှိလာခြင်းက စီးပွားရေးအခြေအနေအပေါ် စိုးရိမ်ပူပန်မှုကို လျော့ကျစေ တယ်။ ဒါကြောင့် ဇူလိုင် ၁၆ ရက် ဂရင်းနစ်စံတော်ချိန် ၀၀း၂၃ နာရီမှာ လက်ငင်းအရောင်း ရွှေဈေးနှုန်းက တစ်အောင်စကို ၁၅၉၀ ဒသမ ၅၉ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်။Source :economictimes.indiatimes.com, ပပ