Main menu

Background

ငြိမ်သက်နေဆဲ ဒေါ်လာဈေးကွက်

Sun, 07/22/2012 - 06:56 -- Anonymous (not verified)

      ယခုတစ်ပတ်အတွင်း ငွေလဲနှုန်းများသည် အပြောင်းအလဲအနည်းငယ်မျှဖြင့် အရောင်းအဝယ်ဖြစ်နေခဲ့ပြီး ငြိမ် သက်နေခဲ့ သည်ကို တွေ့ရသည်။ သို့သော် ပြင်ပပုဂ္ဂလိကဘဏ်များရှိ ငွေလဲစင်တာများတွင်မူ ဘဏ်တစ်ခုနှင့်တစ်ခု ငွေလဲနှုန်းများ တူညီခြင်းမရှိဘဲ လဲလှယ်ပေးလျက်ရှိသည်ကိုတွေ့ရသည်။အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ ငွေလဲနှုန်းသည် ဇူလိုင် ၁၅ရက်က ဝယ်ဈေး ၈၇၄ကျပ် ရောင်းဈေး ၈၇၈ ကျပ် ဈေးပေါက်ခဲ့သော် လည်း ဇူလိုင် ၂၀ရက်တွင် ဝယ်ဈေး ၈၆၇ ကျပ်၊ ရောင်းဈေး ၈၇၃ ကျပ်ဖြစ်ခဲ့သည်ကို တွေ့ရသည်။ ဧရာဝတီယူနိုက်တက်ဘဏ် ရှိ ငွေလဲစင်တာတွင် ဇူလိုင် ၂၀ ရက်က ဝယ်ဈေး ၈၇၀ကျပ်၊ ရောင်းဈေး ၈၈၁ ကျပ်ရှိခဲ့သည်။သမဝါယမဘဏ်ရှိ ငွေလဲစင်တာတွင် ဇူလိုင် ၂၀ရက်က ဝယ်ဈေး ၈၇၀ ကျပ်၊ ရောင်းဈေး ၈၈၁ ကျပ်ဖြစ်ခဲ့သည်ကို တွေ့ရသည်။ ဇူလိုင် ၁၆ ရက်တွင် ဝယ်ဈေး ၈၇၃ ကျပ်၊ ရောင်းဈေး ၈၈၃ ကျပ်ဖြစ်ခဲ့သည်။ ပုဂ္ဂလိကဘဏ်များရှိ ငွေလဲစင် တာများတွင် ငွေလဲနှုန်း များ မတူညီရခြင်းမှာ သက်ဆိုင်ရာဘဏ်များတွင် လာရောက်ရောင်းချလဲလှယ်သည့်ပမာဏ မတူညီ ခြင်းကြောင့်ဖြစ်သည် ဟု အေဂျီဒီဘဏ်မှ ဝန်ထမ်းတစ်ဦးကဆိုသည်။'' ပုဂ္ဂလိကဘဏ်တွေတစ်ခုနဲ့ တစ်ခု ငွေလဲနှုန်းအနည်းငယ်ကွာနေတာက ဗဟိုဘဏ်က သတ်မှတ်ပေးလိုက်တဲ့ ရည်ညွှန်း ငွေလဲနှုန်းပေါ်မူတည်ပြီး မိမိရောင်းဝယ်လို့ရတဲ့ ပမာဏပေါ်မူတည်ပြီး နှုန်းကို သတ်မှတ်ကြတဲ့အတွက် အခုလို မတူညီရတာ ပါ" ဟုပြောသည်။ ပြင်ပငွေလဲဈေးကွက်တွင်လည်း ငွေလဲနှုန်းမှာ သိသာစွာပြောင်းလဲခြင်းမရှိဘဲ ငြိမ်သက်နေခဲ့သည်။ ဇူလိုင် ၂၀ ရက်က ပြင်ပငွေလဲဈေးကွက်တွင် ဝယ်ဈေး ၈၇၁ ကျပ် ရောင်ဈေး ၈၇၃ ကျပ်ရှိခဲ့သည်။                မယ်သီတာ