တရုတ်နိုင်ငံရဲ့ စီးပွားရေး နာလန်ထူလာမှု အခြေအနေအရှိန်မရသေးကြောင်း တရုတ်ဝန်ကြီး ချုပ် ဝမ်ကျားပေါင် က ပြောကြားလိုက် ရာ တစ် ပတ်အတွင်း အမြင့်ဆုံးနှုန်းနဲ့ ဈေးကွက်ပိတ်ခဲ့တဲ့ ရေနံစိမ်းဈေးနှုန်းတွေ က ပြန်လည်အားနည်း လာတယ်။နယူးယောက် ရေနံစိမ်း ကြိုပွိုင့်ဈေးနှုန်း တွေက သုည ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ တယ်။ သြဂုတ်လ အရောက်ပို့ရ မယ့် ရေနံစိမ်းက တစ်စည်ကို ၅၂ ဆင့်ကျဆင်းကာ ၈၆ ဒသမ ၅၈ ဒေါ်လာနဲ့ နယူးယောက် ကုန်စည်ရောင်းဝယ်ရေး မှ အီလက်ထရောနစ် ကုန်သွယ်မှုနဲ့ ရောင်းချခဲ့ တယ်လိ့ု သိရတယ်။ စင်ကာပူစံတော်ချိန် နေ့ခင်း ၂း၂၅ နာရီမှာ တစ်စည်ကို ၈၆ဒသမ ၇၇ ဒေါ်လာ နဲ့ ရောင်းချခဲ့ရတယ်လို့ သိရတယ်။ သြဂုတ်လ ငွေချေရမယ့် ဘရန့်အမျိုးအစားရေနံစိမ်းက တစ် စည်ကို ၁၀၂ ဒသမ ၄၀ ဒေါ်လာနဲ့ လန်ဒန် အခြေစိုက် ICE Futures Europe Exchange မှာ ရောင်းချခဲ့ရတယ်။ ရောင်းရအသွက်ဆုံး စက်တင်ဘာလ ကြို ပွိုင့်အရောင်းဈေးနှုန်းမှာ တစ်စည်ကို ၁၀၁ ဒသမ ၃၂ ဒေါ်လာဖြစ်လာတယ်။ တရုတ်နိုင်ငံ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးတဲ့သတင်းက ရေနံ စိမ်းဈေးကွက်ကို လွှမ်းမိုးထားနေလျက်ရှိတယ်။Source :Bloomberg.comပပ
Background