Main menu

Background

အပြောင်းအလဲ နည်းပါးသည့် ကမ္ဘာ့ရွှေဈေးနှင့် ငွေလဲနှုန်းတို့ကြောင့် မြန်မာ့ရွှေဈေး ဆက်လက် ငြိမ်သက်

Sun, 07/22/2012 - 06:58 -- Anonymous (not verified)

       ပြီးခဲ့သည့်  ရက်သတ္တပတ်အတွင်းက ငြိမ်သက်နေခဲ့သည့်   မြန်မာ့ရွှေဈေး သည်  ယခုတစ်ပတ်တွင်လည်း ဆက် လက်ငြိမ်သက်နေ ဆဲဖြစ်ကြောင်း ရွှေ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ကမ္ဘာ့ရွှေဈေးသည်လည်း ယခုတစ် ပတ်အတွင်းတွင် ပိုမိုငြိမ်သက်လျက် ရှိရာ ဇူလိုင် ၁၆ ရက်တွင် တစ်အောင် စလျှင် ၁၅၈၉ ဒေါ်လာရှိခဲ့ပြီးနောက် ဆက်လက်မြင့်တက်လာခြင်းမရှိဘဲ ဇူလိုင်  ၁၇ ရက်တွင် ၁၅၉၂ ဒေါ်လာ သာရောက်ရှိခဲ့သည်။ ဇူလိုင် ၁၈ ရက် တွင်ကမ္ဘာ့ရွှေဈေးသည် ၁၅၈၀ဒေါ်လာ သို့ရောက်ရှိခဲ့ကာ ဇူလိုင်  ၂၀ ရက်တွင် ၁၅၈၃ ဒေါ်လာသို့ အနည်းငယ် ပြန် တက်လာခဲ့သည်။မြန်မာ့ရွှေဈေးသည်လည်း အပြောင်း အလဲ အနည်းငယ်သာရှိသည့် ကမ္ဘာ့ ရွှေဈေးနှင့် ငွေလဲနှုန်းများကြောင့် ငြိမ်သက်နေသည် ကို တွေ့ရသည်။မြန်မာ့ရွှေဈေးသည်  အခေါက်ရွှေ တစ်ကျပ်သားလျှင် ဇူလိုင် ၁၆ ရက်က ကျပ် ၇၃၁၀၀၀ ရှိခဲ့ပြီး ဇူလိုင် ၁၇ ရက် အထိ အပြောင်း အလဲမရှိခဲ့ဘဲ ငြိမ်သက် နေခဲ့သည်။ ဇူလိုင် ၂၀ ရက်တွင် ကမ္ဘာ့ ရွှေဈေး အနည်းငယ်ကျဆင်းမှုနှင့် တူ မြန်မာ့ရွှေဈေးပါ လိုက်လံကျဆင်းလာ ခဲ့သည်။ငွေဈေးနှုန်း  တည်ငြိမ်နေမှုကြောင့် မြန်မာ့ရွှေဈေး  တည်ငြိမ်နေရခြင်းဖြစ် ကြောင်း  ရွှေကုန်သည်တစ်ဦးက  ဆို သည်။" ဒီတစ်ပတ်မှာ  မြန်မာ့ရွှေဈေးက  ငြိမ်နေတာ။ ကမ္ဘာ့ရွှေဈေးကလည်းငြိမ် သက်နေသလို ငွေလဲနှုန်းကလည်းမဆို စလောက် ပဲ   ပြောင်းတာဆိုတော့ မြန်မာ့ရွှေဈေးက  အပြောင်းအလဲမရှိ ဘူးလို့ ဆိုရမယ်။ ရွှေဈေးငြိမ်တဲ့အခါကျ တော့ အရောင်းအဝယ်က ခါတိုင်းနေ့ တွေထက်ပိုပြီးအလုပ်ဖြစ်တယ်။အထည် ဝယ်တဲ့သူတွေရော  ဒုံးဝယ်တဲ့သူတွေ ရော  ရွှေဈေးငြိမ်တဲ့  အခါကျတော့ အလုပ်လုပ်ရတာ ပိုပြီးအဆင်ပြေတာ ပေါ့'' ဟု  ရွှေကုန်သည်တစ်ဦးက  ဆို သည်။                   မယ်သီတာ