Main menu

Background

ရေနံဈေးနှုန်းများ တက်ပြီးမှ ပြန်ကျ

Sun, 07/22/2012 - 07:01 -- Anonymous (not verified)

        အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုနဲ့ အမေရိကန်ပြည်ထောင်စုက စီးပွားရေးတွန်းအားပေး အစီအစဉ်တွေ ဆောင်ရွက်မဲ့ အလားအလာတွေကြောင့် ရေနံစိမ်းဈေးနှုန်းတွေက နှစ်လအတွင်း အမြင့်ဆုံးနှုန်းသို့ရောက်ရှိခဲ့ပြီး နောက် ပိုင်း ဇူလိုင် ၂၀ ရက်တွင် ကမ္ဘာ့ရေနံဈေးနှုန်းများ ပြန်လည်ကျဆင်းလာခဲ့ကြောင်း လေ့လာဆန်းစစ်သူတွေက ပြောပါတယ်။ဘရင့်မြောက်ပင်လယ် ရေနံစိမ်းရဲ့ စက်တင်ဘာလအတွက် ကြိုရောင်းဈေးက လန်ဒန်မှာ ၁ ဒသမ ၁၅ ဒေါ်လာ ကျဆင်းပြီး တစ်စည်ကို ၁၀၆ ဒသမ ၆၅ ဒေါ်လာနှုန်း ရှိခဲ့ပါတယ်။ နယူးယောက်  အဓိကဈေးကွက်မှာ ရေနံကျဲရဲ့ သြဂုတ်အတွက် ကြိုရောင်းဈေးက ၉၃ ဆင့်ကျဆင်းပြီး တစ်စည်ကို ၉၁ ဒသမ ၇၃ ဒေါ်လာ နှုန်းရှိခဲ့ပါတယ်။ယခုရက်သတ္တပတ်အတွင်း ရက်အတော်များများမှာ ရေနံစိမ်းဈေးတွေမြင့်တက်ခဲ့ပြီးနောက်ပိုင်း ပြန်လည်ကျဆင်း ခဲ့ကြောင်း   1 G Markets Singapore ရဲ့ဈေးကွက် မဟာဗျူဟာမှူး ဂျပ်စတင်ဟာပါကပြောပါတယ်။ စီးပွားရေးကျဆင်း နေရင် ဝင်ရောက်ကိုင် တွယ်ဖြေရှင်းတော့မှာဖြစ်ကြောင်း အမေရိကန်ဗဟိုဘဏ်က ပြောတဲ့အတွက်ကြောင့်လည်းကောင်း ဆီရီးယားနဲ့ အီရန်တင်းမာ မှုကြောင်းလည်းကောင်း ရေနံစိမ်းဈေးတွေက ယခုရက်သတ္တပတ်ထဲမှာ ရက်အတော်များများ မြင့်တက်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပင် ဘူဂေးရီးယားနိုင်ငံမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အစ္စရေးလူမျိုးနိုင်ငံခြားသား ခြောက်ဦး သေဆုံးခဲ့တာကို အီရန်နဲ့ လက်ဘနွန်တို့လက်ချက်အဖြစ် အစ္စရေးက စွပ်စွဲခဲ့ပါတယ်။ ဒါကြောင့် လက်တုံ့ပြန်မှာကို စိုးရိမ်မှုတွေရှိနေပါတယ်။ ဉာဏ်တင်၊ Source.Ioi.co.za