ထိုင်း၊ ဘူဂေးရီးယားနဲ့ အိန္ဒိယမှ မြေဆီများဝင်
ထိုင်း၊ ဘူဂေးရီးယားနဲ့ အိန္ဒိယမှ မြေဆီများဝင်ပြည်တွင်းဈေးကွက်သို့ ယခုတစ်ပတ် ဇူလိုင် ၈ ရက်မှ ၁၄ ရက်တာကာလ အတွင်း မြေသြဇာတန်ချိန် ၁၇၀၂၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာငါးသိန်းကျော်ဖိုး ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် မှာတော့ ထိုင်းနိုင်ငံမှ ကွန်ပေါင်းမြေသြဇာတန်ချိန် ၁၂၀၀၊ ဘူဂေးရီးယားနိုင်ငံမှ မြေသြဇာ တန် ၅၀၀ နဲ့ အိန္ဒိယနိုင်ငံမှ မြေသြဇာ ၂ တန်အသီးသီးမှာယူ တင်သွင်း ခဲ့ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် နှစ်ထောင့်ခုနစ်ရာကျော် တင်သွင်းခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ တန်တစ်ထောင်ကျော် လျော့နည်းပြီး တင်သွင်းခဲ့ပါတယ်။ အလားတူကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ် ဇူလိုင်လ ဒုတိယပတ် မြေသြဇာတင်သွင်းမှု က တန်ချိန်နှစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီနှစ်ဇူလိုင်လ ဒုတိယပတ်မြေသြဇာ တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန်သုံးရာကျော်လောက် အဝင်နည်းခဲ့တာတွေ့ရပါတယ်။ MIRT(DOT) စိုက်ပျိုးရေးရာသီဖြစ်၍ သွင်းအားစုများ အသွင်းပိုလျက်ရှိနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၃ ဒသမ ၄၅၄ သန်း တန်ဖိုး ရှိတဲ့ ဓာတ်မြေသြဇာ ၁၅၁၈၅ တန်ကျော်ကို ဇူလိုင် ၁၁ ရက်မှ ၁၇ ရက်ထိကာလ အတွင်းမှာ အသွင်းရှိခဲ့ရာ ယခင်အပတ်ကထက် တန်ချိန် ၅၁၆၀ ကျော် ပိုမိုတင် သွင်းခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၁၀၁၆ တန်၊ မြဝတီမှ ၃၁ တန်ခန့်၊ ကော့သောင်းမှ ၃၈၁၈ တန်ကျော်၊ မြိတ်မှ တန် ၁၀၀ နဲ့ ရိဒ်မှ တန် ၂၂၀ ကျော်တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ အများဆုံး တင်သွင်းတဲ့ ဓာတ်မြေသြ ဇာတွေကတော့ ယူရီးယား၊ ကွန်ပေါင်း (၁၀း၁၀း၅)၊ တီစူပါ ဖော့စဖိတ်၊ ကွန်ပေါင်း ၁၅ ပတ်လည် နဲ့ နိုက်တြိစ်ဖော့ စဖိတ်တို့ဖြစ်ကြပါတယ်။ MIRT(DOBT) ဈေးကွက်အေးအေး မြေသြဇာဈေးမော်လမြိုင်ဈေးကွက်မှာ မြေသြဇာက အရောင်းအေးနေတယ်လို့ အရောင်း ဆိုင်မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ ဒီတစ်ပတ်မှာလည်း မြေသြဇာက အရောင်း ပါးသလိုဈေးကလည်း ယခင်တစ်ပတ်ဈေးအတိုင်း အကျဈေးနဲ့ငြိမ်နေတယ်လို့ သိရ ပါတယ်။ ဈေးကွက်အတွင်းစုံစမ်းသိရှိရတဲ့ မြေသြဇာဈေးတွေက ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်)တရုတ်က တစ်အိတ်ကို ၂၂၅၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅ ပတ် (ထိုင်း) က ၃၄၀၀၀ ကျပ် ၊ ကွန်ပေါင်း ၁၅ ပတ်လည် (ပန်းရောင်) က ၃၀၅၀၀ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) က ၂၉၀၀၀ ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်) ၂၃၅၀၀ ကျပ်နဲ့ တီစူပါ ၁၆% (မြှားကမ္ဘာ) တရုတ်က ၁၁၅၀၀ ကျပ်ဈေးဖြစ်တယ်လို့ သိရှိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းပါးတယ်လို့ အရောင်း ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ မြေသြဇာ အသုံးနည်းလာ တာကြောင့် အရောင်းကလည်းအေးပြီး ဈေးကလည်း အေးလာတယ်။ မြေ သြဇာဈေးက ယခင်တစ်ပတ်ဈေး အတိုင်း ငြိမ်နေတယ်လို့ သိရပါတယ်။ ဒီ တစ်ပတ်ဈေးက ယခင်တစ်ပတ်ဈေးအတိုင်း ယူရီးယား- ပုလဲ (ကမ္ဘာလုံး-ရွှေတောင်) (တရုတ်) ၂၀၀၀၀ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး- တရုတ်) ၁၉၀၀၀ ကျပ်၊ တီစူပါ ၁၂% (တရုတ်) ၈၅၀၀ ကျပ်၊ တီစူပါ ၁၆% (တရုတ်) ၉၀၀၀ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၆၀၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်) ၁၄၅၀၀ ကျပ်၊ ဓာတ်ဆား (တရုတ်) ၂၁၀၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၃၀၀၀ ကျပ်၊ ယူရီးယား (ယူအေအီး) က ၁၉၀၀၀ ကျပ်နဲ့ မြှားကမ္ဘာ ၁၄၅၀၀ ကျပ်ဈေးတို့်ဖြစ်ကြောင်းသိရပါတယ်။မန္တလေးဈေးကွက်မှာ ဓာတ်မြေသြဇာအရောင်းက ပုံမှန်ရှိတယ်လို့ အရောင်း ဆိုင်မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ အရောင်းပုံမှန်ရှိပေမယ့်လည်း ဈေးနှုန်း တွေက အပြောင်းအလဲမရှိဘဲ ငြိမ်နေပါတယ်။ ယူရီးယား (ရွှေတောင်-တရုတ်) ၁၉၆၀၀ ကျပ်၊ ယူရီးယား-ပန်းဖူး (တရုတ်) ၂၀၈၀၀ ကျပ်၊ တီစူပါ (GTSP ၄၆%-တရုတ်) ၁၉၉၀၀ ကျပ်၊ တီစူပါ (GSSP ၁၆%-တရုတ်) ၈၁၀၀ ကျပ်၊ တီစူပါ (GTSP ၁၂%-တရုတ်) က ၇၅၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ (တရုတ်) ၃၆၅၀၀ ကျပ်နဲ့ ကွန်ပေါင်း (တရုတ်) ၁၀း၁၀း၅ က ၁၃၃၀၀ ကျပ်ဈေးနဲ့ ဒီတစ်ပတ်အတွင်း ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းပုံမှန်ရှိတယ်လို့ အရောင်း ဆိုင်မှတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်မှာတော့ ယူရီးယား (နေရွက် လှေ)က ၇၀၀ ကျပ်၊ တီစူပါ(သံကွင်း)က ၂၀၀ ကျပ်၊ ပိုတက်(ထိုင်း) က ၃၀၀ ကျပ်၊ ပိုတက်(အိန္ဒိယ)က ၄၀၀ ကျပ်၊ ဈေးကျလာတယ်လို့သိရပါတယ်။ ကွန်ပေါင်း မြေသြဇာတွေကတော့ ယခင်တစ်ပတ်ဈေး အတိုင်းဘဲ ငြိမ်နေတယ်လို့ ဆိုပါတယ်။ ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးတွေက ယူရီးယား(နေရွက်လှေ) တရုတ် က ၂၀၈၀၀ ကျပ်၊ ယူရီးယား (ရွှေတောင်-တရုတ်) က ၂၁၃၀၀ ကျပ်၊ တီစူပါ (သံကွင်း-တရုတ်) ၂၁၀၀၀ ကျပ်၊ ပိုတက် (ထိုင်း) ၃၈၀၀၀ ကျပ်၊ ပိုတက်(အိန္ဒိယ) ၂၂၈၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (နေရွက်လှေ) ၃၈၆၀၀ ကျပ်၊ ကွန်ပေါင်း ၂၅းရးရး က ၃၅၆၀၀ ကျပ်ဖြစ်တယ်လို့ သိရပါတယ်။မကွေးဈေးကွက်မှာ ဓာတ်မြေသြဇာက အရောင်းပုံမှန်ရှိတယ်လို့ မြေသြဇာ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ အရောင်းပုံမှန်ရှိပေမယ့် မြေသြ ဇာဈေး ပြောင်းလဲမှုမရှိဘဲ ယခင်တစ်ပတ်ဈေးနှုန်းအတိုင်းပဲ ငြိမ်နေပါတယ်။ ယခုတစ်ပတ်ဈေးနှု န်းတွေကတော့ မြားကမ္ဘာ-တရုတ် ၁၂း၁၃ က (အပြာ) ၁၅၅၀၀ ကျပ်၊ ဆင် ၁၀း၁၀း၅ က ၁၄၆၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က ၁၅၈၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ က ၃၆၀၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ က ၃၄၀၀၀ ကျပ်၊ ယူရီးယားပုလဲ(ပန်းဖူး-တရုတ်)က ၂၂၀၀၀ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၁၀၀၀ ကျပ်၊ တီစူပါ (မြားနီ-တရုတ်) ၂၃၀၀၀ ကျပ်၊ တောင်သူမ ၁၄၆၀၀ ကျပ်၊ ပိုတက်က ၂၂၀၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၇၅၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါတယ်။ MIRT(DOT)
