နို့ဆီ၊ နို့စိမ်းအသွင်းလျော့ပေမဲ့ နို့မှုန့်အသွင်းရှိမြန်မာ-ထိုင်းနယ်စပ် ကော့သောင်း မှ နို့ဆီနဲ့ နို့စိမ်းတင်သွင်းမှု ယခင် အပတ်ကထက် လျော့နည်းတင်သွင်း ခဲ့ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ် လာ သုည ဒသမ ၀၃၄ သန်းတန်ဖိုးရှိ နို့စိမ်း ၃၄ ဒသမ ၂၅၄ တန်နဲ့ ကန်ဒေါ် လာ သုည ဒသမ ၀၁၉ သန်း တန်ဖိုးရှိ တဲ့ နို့ဆီ တန် ၂၀ ကျော်ကို ဇူလိုင် ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်းမှာ အသွင်း ရှိခဲ့ပါတယ်။ ယခင်အပတ်က ထက် နို့စိမ်း ၁၄၆တန်နဲ့ နို့ဆီ ၁၆၂တန် အသွင်း လျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်နယ်စပ်မှ ကန် ဒေါ်လာ သုည ဒသမ ၀၃၄ သန်းတန်ဖိုး ရှိ နို့မှုန့် ၁၂ တန်လည်း တင်သွင်းမှုရှိခဲ့ ပါတယ်။ ယခင်အပတ်ကတော့ မူဆယ် မှ နို့မှုန့်အသွင်းမရှိခဲ့ပါဘူး။ MIRT(DOBT)ဒွန်းနို့ဆီ/စိမ်း တစ်မျိုးသာဝင်ဒီသီတင်းပတ်ဖြစ်တဲ့ ဇူလိုင် ၈ ရက်မှ ၁၄ ရက်တာကာလအတွင်း ဒွန်းနို့ဆီ ၂၂၈ ဒသမ ၃၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်သိန်းခြောက်သောင်း ကျော်၊ ဒွန်းနို့စိမ်း ၂၉၂ ဒသမ ၄၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်း နှစ်သောင်းေ ကျာ်ဖိုးကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင် သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့ဆီ တင်သွင်းမှုက တန်ချိန် သုံးရာ့နှစ်ဆယ် ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်နို့ဆီ တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန် တစ်ရာ့ ငါးဆယ်ကျော်လျော့နည်းပြီး တင်သွင်း ခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်း ပတ်မှာ နို့စိမ်းတင်သွင်းမှုမရှိခဲ့ဘဲ ဒီတစ် ပတ်မှသာ ပြန်လည်တင်သွင်းခဲ့ခြင်း ဖြစ် ပါတယ်။သြစတြေးလျနိုင်ငံမှ ၈၂ ဒသမ ၆၉၆၊ စုစုပေါင်း ၈၂ ဒသမ ၈၅၂ တန်ကို တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့မှုန့်တင်သွင်းမှုက တန်ချိန် ၆၀ ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတန်ချိန် တစ်ဆယ့်ရှစ်တန်ကျော် ပိုမိုတင်သွင်း နိုင်ခဲ့ပါတယ်။ MIRT(DOT)
Background