Main menu

Background

ရေကြောင်းလမ်းမှ ဘိလပ်မြေအဝင်လျော့

Sun, 07/22/2012 - 07:06 -- Anonymous (not verified)

ရေကြောင်းလမ်းမှ ဘိလပ်မြေအဝင်လျော့ပြည်တွင်းဈေးကွက်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ဘိလပ်မြေ တန်ချိန် ၆၂၃၆ ဒသမ ၁၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ငါးသိန်းခြောက်သောင်း ကျော်ဖိုး တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ ထိုင်းနိုင်ငံမှ ဆင်တံဆိပ် ဘိလပ်မြေ ၃၃၆ တန်နဲ့ အခြားတံဆိပ်ဘိလပ်မြေ ၅၇ ဒသမ ၅၆ တန်၊ မလေးရှား နိုင်ငံမှ ဘိလပ်မြေ ၈၉ ဒသမ ၆၀ တန်နဲ့ တရုတ်နိုင်ငံမှ ၅၄ တန်ကို တင်သွင်း ခဲ့ပါတယ်။ ယခင်သီတင်းပတ်တင်သွင်းမှုက တန်ချိန်သုံးသောင်းကျော်ရှိခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေတင်သွင်းမှုက တန်ချိန် နှစ်သောင်းကျော်လျော့ နည်းခဲ့ပါတယ်။                                        MIRT(DOT)နယ်စပ်မှဘိလပ်မြေ တန် ၂၄၀၀ နီးပါး အသွင်းရှိနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၁၄ သန်း တန်ဖိုးရှိတဲ့ ဘိလပ်မြေ ၂၃၉၂ တန် နီးပါးကို ဇူလိုင် ၁၁ ရက်မှ ၁၇ ရက်ထိကာလ အတွင်းမှာ အသွင်းရှိခဲ့ရာ ယခင်အပတ်တင်သွင်းမှုထက် တန် ၂၈၀ ခန့် အသွင်း ပိုခဲ့ပါတယ်။ နယ်စပ်အလိုက်တင်သွင်းမှုတွေကတော့ မူဆယ်မှ ၆၈၅ တန်ကျော်၊ တာချီလိတ် မှ ၈၃၁ တန်၊ ကော့သောင်းမှ ၄၈၅ တန်၊ မြိတ်မှတန် ၃၀၀၊ လွယ်ဂျယ်မှ ၇၇ တန်ခန့်နဲ့ ချင်းရွှေဟော်မှ ၁၃ တန်ကျော်အသီးသီးတင်သွင်းခဲ့တာဖြစ်ပါတယ်။MIRT(DOBT)ပုံမှန်အရောင်းရှိနေတဲ့ ဘိလပ်မြေမော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိနေတယ်လို့ သိရ ပါတယ်။ တစ်လနီးပါးလောက်  အေးနေတဲ့  ဘိလပ်မြေက ဒီတစ်ပတ်မှ ပုံမှန် အရောင်းအဝယ်ဖြစ်လာတယ်လို့ သိရပါတယ်။ အရောင်းပုံမှန်ဖြစ်လာပေမဲ့ ဈေးက ယခင်တစ်ပတ်ဈေးအတိုင်း ငြိမ်နေတယ်လို့ဆိုပါတယ်။ စိန်တံဆိပ် ဘိလပ်မြေက ဒီတစ်ပတ် ဈေးကွက်ထဲမှာ ပျောက်နေတယ်လို့ သိရပါတယ်။ မြင်းခေါင်းဘိလပ်မြေ က ၃၆၀၀ ကျပ်၊ ဆင်(ထိုင်း) ၄၈၅၀ ကျပ်နဲ့ ကြံ့(မြိုင်ကလေး) ၄၆၅၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဘိလပ်မြေက ပုံမှန်အရောင်းအဝယ် ဖြစ်နေတယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ အရောင်းပုံမှန်ရှိပေမယ့် ဒီတစ်ပတ်မှာတော့ ဘိလပ်မြေက ဈေးမပြောင်းဘဲရှိနေပါတယ်။ တစ်ပတ်အတွင်း ဘိလပ်မြေဈေးတွေက အေသုံးလုံး (ဘိလပ်မြေ) က ၅၄၀၀ ကျပ်၊ မြန်မာဆင် (ဘိလပ်မြေ) ၅၄၀၀ကျပ်၊ ဆင်(ထိုင်း) ၆၆၀၀ကျပ်၊ စိန်(ထိုင်း) ၆၅၀၀ ကျပ်၊ ဆင်မင်း ၅၂၀၀ ကျပ်၊ ကျားခေါင်း ၅၃၀၀ ကျပ်နဲ့ မြင်းခေါင်း ၅၂၀၀ ကျပ်ဈေးတို့နဲ့ ဈေး ကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါတယ်။ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းအေးတယ်လို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ မိုးကလည်းများလာတာကြောင့် အရောင်းပါး လာတာလို့ သိရပါတယ်။ အရောင်းပါးပေမဲ့ ဈေးကမပြောင်းဘဲ ငြိမ်နေတယ်လို့ သိရပါတယ်။ ဘိလပ်မြေဈေးက တက်လည်း ငါးဆယ်တစ်ရာ၊ ကျလည်း ငါးဆယ်၊ တစ်ရာထက် မပိုဘူး၊ ဒီဝန်းကျင်လေးဘဲ အပြောင်းအလဲ ရှိတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဘိလပ်မြေဈေးက ဆင်တံဆိပ်ဘိလပ်မြေ ၅၀၀၀ ကျပ်၊ စိန်တံဆိပ် ၄၉၅၀ ကျပ်၊ မြင်းခေါင်း ၄၆၀၀ ကျပ်၊ ကျောက်ဆူး ၄၇၀၀ ကျပ်၊ မောင်းတိန်း ၄၇၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။မကွေးဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက အရောင်းအေးနေတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ယခင်တစ်ပတ် အရောင်းပုံမှန် ဖြစ်နေတဲ့ ဘိလပ်မြေက ဒီတစ်ပတ်မှာတော့ နည်းနည်း အရောင်းပါးလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဘိလပ်မြေဈေးနှုန်းက ဆင်တံဆိပ်ဘိလပ်မြေက တစ်အိတ် ကို ၅၈၅၀ ကျပ်နဲ့ မြင်းခေါင်းဘိလပ်မြေက တစ်အိတ်ကို ၄၇၀၀ ကျပ်ဈေးတို့ပဲ ဖြစ်ပါတယ်။                                                                       MIRT(DOT)