မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နယ်စပ် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၄၉၅ သန်း တန်ဖိုးရှိ နှမ်းနက် ၃၁၇ တန်ကျော်ကို ဇူလိုင်လ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်းမှာ တင်ပို့မှု ရှိခဲ့ရာ ယခင်အပတ် တင်ပို့မှုထက် ၇၂ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၈၁၉ သန်းတန်ဖိုးရှိ နှမ်းဖြူ ၆၃၁ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၀၆ သန်း တန်ဖိုးရှိ နှမ်းနီ ၅ တန်လည်း တင်ပို့မှုရှိခဲ့ရာ ယခုအပတ်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၂၈၄ သန်း တန်ဖိုးရှိ နှမ်းရောင်စုံ ၉၅၃ တန်ကျော် တင်ပို့ခဲ့ပါတယ်။ နှစ်ဖက် မြေပြင်နှမ်းဈေး များ နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၁၁၅၇၅၉၈ ၁၁၅၉၁၇၁ ၁၅၇၃ ၀ .၁ ၁၂၉၁ ၁၂၉၂ ၁ ၀ .၀၇နှမ်းနက် ၁၁၁၆၈၉၃ ၁၁၁၈၄၀၁ ၁၅၁၇ ၀ .၁ ၂၉၂၇ ၂၉၂၇ - MIRT (DOBT)
Background