Main menu

Background

တောင်ကိုရီးယားမှ အဝယ် တင်ဒါခေါ်လို့ အိန္ဒိယ နှမ်းဈေးနှုန်း ၁၈ ရာခိုင်နှုန်း မြင့်တက်

Sun, 07/22/2012 - 07:13 -- Anonymous (not verified)

    တောင်ကိုရီးယားမှ နှမ်းတန်ချိန် ၁၂၀၀၀ ဝယ်ယူဖို့ တင်ဒါခေါ်လိုက် ရာ ကမ္ဘာ့နှမ်းဈေးနှုန်းတွေနဲ့ အပြိုင် အိန္ဒိယနှမ်းဈေးနှုန်းေ တွက လွန်ခဲ့တဲ့ ၄ ရက်အတွင်း ၁၈ ရာခိုင်နှုန်းမြင့်မား လာတယ်။ ဇူလိုင် ၄ ရက်က ကီလို ၂၀ ကို ၁၃၇၅-၁၄၀၀ ရူပီး (တစ်တန် ကို ကန်ဒေါ်လာ ၁၂၅၀-၁၂၇၃ ဝန်း ကျင်) သာရှိတဲ့ နှမ်းဈေးနှုန်းတွေက ဇူလိုင် ၇ ရက်မှာ ၁၆၀၀-၁၆၅၀ ရူပီး (တစ်တန်ကို ကန်ဒေါ်လာ ၁၄၅၅-၁၅၀၀ ဝန်းကျင်)အထိရောက်ရှိလာ တယ်။    ယခုနှစ် နွေနှမ်းအထွက်နှုန်း ကျဆင်းမယ်လို့ မျှော်လင့်ထားခြင်းနဲ့ ပြည်ပမှ ဝယ်လိုအားရှိခြင်းတို့ကြောင့် လောလောဆယ်မှာ အိန္ဒိယ နှမ်း ဈေးနှုန်း မြင့်မားလာပေမယ့် မကြာမီ ကာလအတွင်း ဈေးနှုန်း ပြန်လည် အေးသွားနိုင်ကြောင်း ကုန်သည်တွေ က ဆိုကြတယ်။    ၂၀၁၁ ခုနှစ်အတွင်း နှမ်းဈေး နှုန်းက တစ်တန်ကို ပျမ်းမျှအနေနဲ့ ၅၁၃၃၇ ရူပီး (ကန်ဒေါ်လာ ၁၁၁၆ ဝန်းကျင်) ရှိသော်လည်း လက်ရှိမှာ တစ်တန်ကို ၇၅၀၀၀ ရူပီး (ကန်ဒေါ် လာ ၁၃၆၄ ဝန်းကျင်) နဲ့ အရောင်း အဝယ်ဖြစ်နေတယ်။ ဒါကြောင့် ယခင်နှစ်ကထက်  ၄၇ ရာခိုင်နှုန်း ဈေးနှုန်း မြင့်မားလာတယ်လို့ အိန္ဒိယ ဖျော်ရည် ထုတ်လုပ်သူများ အသင်း (SEA) က ပြောကြားတယ်။ှSource:business-standard. com, ပပ