Main menu

Background

သီတင်း ၃ ပတ်အတွင်း မလေးရှားစားအုန်းဆီဈေး ဈေးလျော့ကျခဲ့ရာမှ အမေရိကန်တွင် မိုးခေါင်ခြင်းကြောင့် ပြန်လည်မြင့်တက်လာ

Sun, 07/22/2012 - 07:15 -- Anonymous (not verified)

    မလေးရှားစားအုန်းဆီကြမ်းဈေးဟာ သီတင်း ၃ ပတ်အတွင်း နိမ့်ကျနေခဲ့ရာမှ အမေရိကန်ပြည်ထောင်စုမှာ ၁၉၅၆ ခုနှစ် နောက်ပိုင်း မိုးခေါင်ခြောက်သွေ့မှု အပြင်း ထန်ဆုံးဖြစ်နေတဲ့အတွက် ကမ္ဘာ့ဆီထွက်သီးနှံ ရောင်းချမှုကို ခြိမ်းခြောက်လျက်ရှိ တာကြောင့် မလေးရှားစားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးပြန်လည်မြင့်တက်ခဲ့ပါတယ်။ အမေရိကန်မှာ ပူပြင်းခြောက်သွေ့ခြင်းကြောင့် သီးနှံဈေးနှုန်းက ယခုတစ်ပတ် အတွင်း  စံချိန်တင်မြင့်တက်ခဲ့ကာ ပဲပုပ်ဆီရောင်းချမှုနည်းတဲ့အပေါ် စိုးရိမ်မှုတွေရှိ လာတဲ့ အတွက် ဈေးသက်သာတဲ့ စားအုန်းဆီကို ပြောင်းလဲဝယ်ယူလာကြပါတယ်။    ဒါ့အပြင် စားအုန်းဆီဈေးက ပဲပုပ်ဆီဈေးထက် တစ်တန် ကန်ဒေါ်လာ ၂၆၀ လျော့ကျတာကြောင့်လည်း စားအုန်းဆီကို စားသုံးဝယ်ယူမှု တက်လာတာပါလို့ မလေးရှားရှိ ပြည်ပကုန်သည်တစ်ဦးက ဆိုပါတယ်။ မလေးရှားဘာစာ ကုန်စည်ဒိုင် မှာ အောက်တိုဘာလ စားအုန်းဆီ အခြေခံ စံနှုန်းကြိုပွိုင့်ဈေးက ၁ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တစ်တန် ရင်းဂစ် ၃၀၄၅ (ကန်ဒေါ်လာ ၉၆၆)ရှိခဲ့လို့ ဇွန်လ ၂၈ ရက်နောက်ပိုင်း အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။    ဇူလိုင်အတွင်း စားအုန်းဆီ ထုတ်လုပ်မှု ပိုမိုလာဖွယ်ရှိခြင်းနဲ့အတူ ဇူလိုင်လ ၁ ရက်မှ ၁၅ ရက် အတွင်း စားအုန်းဆီ တင်ပို့မှုက ယခင်လထက် ၂၀ ရာခိုင်နှုန်း လျော့ကျခြင်းတို့ကြောင့် ယခုတစ်ပတ်အစပိုင်းမှာ စားအုန်းဆီကြိုပွိုင့်ဈေးက တစ်တန် ရင်းဂစ် ၁၀၀ (ကန်ဒေါ်လာ ၃၁ ဒသမ ၆၉) ကျော် လျော့ကျခဲ့ပါတယ်။ ပြည်ပ တင်ပို့မှုနည်းပြီး၊ အထွက်ပိုမိုခြင်းတို့ကြောင့် စားအုန်းဆီလက်ကျန် မြင့် တက်နိုင်တဲ့ အနေအထားကို အမေရိကန်နိုင်ငံမှာ မိုးခေါင်မှုက အထောက်အပံ့ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။    အရှေ့တောင်အာရှရှိ ဆီအုန်းစိုက်ခင်းပိုင်ရှင်များမှလည်း ယခုနှစ်ကုန်ပိုင်းမှာ ပြန်ဖြစ်လာနိုင်တဲ့ အယ်နီညို ရာသီဥတု ကို စောင့်ကြည့်လျက်ရှိပါတယ်။ အယ်နီညို ဖြစ်လာရင် ရာသီဥတုခြောက်သွေ့ပြီး၊ စားအုန်းဆီ ထုတ်လုပ်မှုကို ထိခိုက် နိုင် တာ ကြောင့် ဖြစ်ပါတယ်။    ဇူလိုင် ၁၉ ရက်မှာ ရေနံဈေးက တစ်စည်ကန်ဒေါ်လာ ၁၀၆ အထက်ကို ရောက်ရှိခဲ့လို့ သီတင်း ၇ ပတ်အတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ ဟင်းသီး ဟင်းရွက် ဆီဈေးကွက်များမှာ ဒီဇင်ဘာပို့ရမယ့် အမေရိကန် ပဲပုပ်ဆီဈေးက သုည ဒသမ ၆ ရာခိုင်နှုန်းကျဆင်းပြီး၊ ဒေလီယံကုန်စည်ဒိုင်မှာ ၂ ဒသမ ၁၃ ဇန်နဝါရီလ ပဲပုပ်ဆီ စာချုပ်ဈေးက သုည ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ယုဇနSource: Reuters