အမေရိကန်ပြည်ထောင်စုရဲ့ ရေနံသဘာဝဓာတ်ငွေ့ ကုမ္ပဏီ တွေက မြန်မာနိုင်ငံမှာ လုပ်ငန်းဆောင်ရွက်ဖို့ စဉ်းစားတာနှောင့်နှေး နေရင် " မဟာဗျူဟာမြောက်အမှားတစ်ခု'' ကို ကျူးလွန်ရာ ရောက် လိမ့်မယ်လို့အမေရိကန်အထက်လွှတ်တော်အမတ် ဂျိမ်းအင်ဟိုဖီးက ပြော ပါတယ်။ အမေရိကန် သမ္မတ ဘားရက်အိုဘားမားက မြန်မာ နိုင်ငံမှာ အမေရိကန်က ရင်းနှီးမြှုပ်နှံဖို့ ခွင့်ပြုတဲ့အမိန့် (Executive Order) ကို ယခင်ရက်သတ္တပတ်က လက်မှတ်ရေးထိုးခဲ့ပါ တယ်။ ဒါပေမဲ့ ပိတ်ဆို့ထားဆဲဖြစ်တဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ် အတွက် ကန့်သတ်ချက်တွေကို ထားရှိဆဲဖြစ်ပါတယ်။ အထက်လွှတ်တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပြည်သူ့လုပ်ငန်းကော်မတီ အဖွဲ့ဝင်ဖြစ်တဲ့ အင်ဟိုဖီးက အမေရိကန် ပြည်ထောင်စု ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီတွေ မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံဖို့ကိစ္စကို အမြန်ဆုံးဆောင်ရွက်ဖို့ကိစ္စကို စိတ် ဝင်စားကြောင်း ပြောပါတယ်။ " တရုတ်၊ ရုရှားနဲ့တကွဥရောပသမဂ္ဂကုမ္ပဏီတွေက မြန်မာနိုင်ငံ ရဲ့ စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံတာတွေဆောင်ရွက်နေပါပြီ။ အမေရိကန်က ပါဝင်ဆောင်ရွက်မဲ့ကိစ္စကို နှောင့်နှေးနေမယ်။ ဒါမှ မဟုတ် ပိတ်ဆို့နေမယ်ဆိုရင် မဟာဗျူဟာ အမှားတစ်ခုဖြစ်မယ်'' လို့ အင်ဟိုဖီးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ပြင်သစ်နိုင်ငံ တိုတယ်ကုမ္ပဏီက ကိုယ်းစားလှယ်အဖွဲ့က မြန်မာ နိုင်ငံ စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ ယခင်လက မြန်မာနိုင်ငံကို လာရောက် ဆွေးနွေးခဲ့ပါတယ်။ ''စွမ်းအင်ကဏ္ဍက ကုမ္ပဏီတွေ အပါအဝင် ကျွန်တော်တို့ ကုမ္ပဏီတွေက ပွင့်လင်း မြင်သာမှုကို ပိုမိုကောင်းမွန်စေပြီး လူ့အခွင့် အရေးကို လေးစားလိုက်နာကြမှာပါ" ဟု အင်ဟိုဖီးက ပြောပါတယ်။ဉာဏ်တင်Source.upi.com
Background