Main menu

Background

အာရှဘဏ္ဍာရေးကြီးကြပ်သူတို့က ဒေသတွင်း ငွေထုတ်ချေးအတိုးနှုန်းများကို စိစစ်မည်

Wed, 07/25/2012 - 07:52 -- Anonymous (not verified)

    ဘဏ်ကြီးတွေက ကမ္ဘာ့ဗဟိုဘဏ်တွေရဲ့ အတိုးနှုန်း အတိုင်း ကျင့် သုံးဆောင်ရွက်ခြင်းရှိ/မရှိ ကမ္ဘာတစ်ဝန်းမှာ စုံစမ်းစစ်ဆေးမှုေ တွ ဆောင် ရွက်လျက်ရှိပါတယ်။ ဒါကြောင့် အာရှဒေသရှိအာဏာပိုင်တွေကလည်း ပြည် တွင်းမှာ ဆောင်ရွက်နေတဲ့ အခြေခံအတိုးနှုန်းတွေ ကို စူးစမ်းလေ့လာလျက်ရှိ ပါတယ်။ ဟောင်ကောင်၊ စင်ကာပူနဲ့ တောင်ကိုရီးယားမှာရှိတဲ့ ဘဏ္ဍာရေး ကြီးကြပ်မှုအဖွဲ့တွေက သူတို့စီရင်ပိုင်ခွင့် ရှိတဲ့ နယ်မြေထဲမှာရှိတဲ့ အဓိကချေးငွေ အတိုးနှုန်းတွေကို ဘယ်လို ဆောင်ရွက်နေကြောင်းကို စစ်ဆေးလျက်ရှိကြောင်း ဇူလိုင် ၁၉ ရက်က ပြောကြပါတယ်။    ကမ္ဘာ့ဘဏ်တွေမှာ အတိုးနှုန်းတွေကို ထင်သလို ဆောင်ရွက်နေမှု ရှိမရှိ စစ်ဆေးမှုတွေ ပြုလုပ်လာခဲ့ပြီးတဲ့နောက်ပိုင်း ယခုလိုပြန်လည်လေ့လာ သုံး သပ်မှုကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ယခင်လက ဘာကလေဘဏ်က အကျိုးအမြတ်တွေတိုးတက်ေ ကာင်းမွန် နေကြောင်းပြသဖို့ ရည်ရွယ်ချက်နဲ့ အတိုးနှုန်းတွေကို မှားယွင်းဖော်ပြမှုအတွက် ဒေါ်လာ သန်း ၄၅၀ ပေးလျော်ဖို့ သဘောတူခဲ့ပါတယ်။    မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ဆန်းစစ်မှုတွေကို လန်ဒန်ဘဏ်အချင်း ချင်းကမ်းလှမ်းနှုန်း (LIBOR) ကိုအခြေခံ ပြီး အများဆုံးပြုလုပ်ခဲ့ပါတယ်။ဒီအခြေ ခံနှုန်းက ဒေါ်လာထရီလီယံပေါင်းများစွာ ချေးယူတဲ့ အတိုးနှုန်းထားတွေကို ဆုံးဖြတ်တဲ့အခါ အသုံးပြုတာဖြစ်ပါတယ်။ အာရှဒေသက ငွေထုတ်ချေးသူ တွေက ဘဏ္ဍာရေးလုပ်ငန်းတွေကို အတိုးနှုန်းသတ်မှတ်ရာ မှာ ဒေသတွင်း အတိုး နှုန်းကို အခြေခံဆောင်ရွက်တာများပါတယ်။Source.dealbook.nytimes.com