Main menu

Background

ယွမ်ငွေကြေးက တစစဖြင့် အာရှရဲ့ နိုင်ငံခြားအရန်ငွေကြေးဖြစ်လာ

Wed, 07/25/2012 - 07:54 -- Anonymous (not verified)

    တရုတ်ယွမ်ငွေကို အာရှဒေသမှာ ကုန်သွယ်မှုငွေပေး ငွေချေပြုလုပ်ရာမှာ တစ်စစ တိုးတက် အသုံးပြုလာလို့ အာရှဒေသရဲ့ နိုင်ငံခြားအရန်ငွေကြေးတစ်ခုအဖြစ် ရောက်ရှိ လာကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ)က ဇူလိုင် ၁၉ ရက်က ပြောပါ တယ်။ ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေး ဈေးကွက် တွေမှာယွမ်ငွေကိုသုံးစွဲမှု မြင့်တက်လာလို့ ကမ္ဘာမှာ ယွမ်ငွေရဲ့ အခန်းကဏ္ဍကို တရုတ်နိုင်ငံက တိုးချဲ့ ချင်တယ်ဆိုရင် သူရဲ့ဘဏ္ဍာရေးကဏ္ဍကို တိုးချဲ့သွားရမှာဖြစ်ကြောင်း မနီလာ အခြေစိုက် အေဒီဘီ ဘဏ်က ပြောပါတယ်။    ကုန်သွယ်ရေး ငွေပေးချေမှုတွေပြုလုပ်ရာမှာ ယွမ် ငွေကြေးကို တစ်စစတိုးချဲ့ သုံးစွဲလာကြောင်း အေဒီဘီ နောက်ဆုံး အစီရင်ခံစာဖြစ်သော "Asian  Economic  Integration  Monitor"မှာ ဖော်ပြထားပါတယ်။    "အချိန်ကြာလာရင်  ယွမ်ငွေက နိုင်ငံခြားအရန်ငွေ ဖြစ်လာပြီး အာရှဒေသတွင်းမှာ စီးပွားရေးတွေပေါင်းစည်းဖို့၊ ငွေကြေးနဲ့ ဘဏ္ဍာရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ တရုတ်ဘဏ္ဍာရေးဈေးကွက် တစ်စစပွင့်လာဖို့ အတွက် အထောက်အကူဖြစ်လာ လိမ့်မယ်''လို့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။    တချို့ထွန်းသစ်စနိုင်ငံတွေက တရုတ်နိုင်ငံနဲ့ နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်ရေးမှာ ယွမ်ငွေနဲ့ပေးချေဖို့ ဆောင် ရွက်လာကြပြီး ဒီအရေအတွက်က တစ်စစ တိုးတက်လာ ကြောင်း အေဒီဘီရဲ့ဒေသဆိုင်ရာ စီးပွားရေး ပေါင်းစည်းရေး ရုံးအကြီးအကဲ အိုဝန်အာဇစ် က ပြောပါတယ်။    တရုတ်အစိုးရရဲ့ မူဝါဒရေးဆွဲသူတွေက တရုတ်နိုင်ငံနဲ့ နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှုငွေပေးချေရာ မှာ ယွမ်ငွေနဲ့ ပေးချေဖို့ အာဆီယံနိုင်ငံတွေကို အားတက်သရော စည်းရုံး ဆွဲဆောင်နေတယ်လို့ သိရကြောင်း သူက ပြောပါတယ်။ ဟောင်ကောင်၊ စင်ကာပူနဲ့ လန်ဒန်တို့က တချို့ကုန်သွယ်မှု ငွေပေးချေရာမှာ ယွမ်ကိုအသုံးပြု လာကြပါတယ်။ ယခုလမှာ စင်ကာပူအိပ်ချိန်းက ယွမ်နဲ့ဆောင်ရွက်ထား တဲ့ အာမခံစာချုပ် တွေကို ရှင်းပေးဖို့ ဆောင်ရွက်ထား ပြီဖြစ်ကြောင်း အေဒီဘီ က ပြောပါတယ်။                                      Source.AFP