Main menu

Background

ရက်သတ္တပတ် စီးပွားရေးသတင်းတိုများ

Wed, 07/25/2012 - 07:56 -- Anonymous (not verified)

ဘာလင်    ဂျာမနီနိုင်ငံရဲ့ အမြင့်ဆုံး တရား ရုံး ဖြစ်တဲ့ ပြည်ထောင်စု အခြေခံ ဥပဒေဆိုင်ရာ တရားရုံးက ယူရိုဇုန် အကျပ်အတည်း ဖြေရှင်းရေး အစီ အမံများကို ဂျာမန် နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်မှု ရှိမရှိ စက်တင်ဘာ ၁၂ ရက်မှာ နောက်ဆုံး စီရင်ချက် ချမှတ်မယ်လို့ ထိုတရားရုံး က ပြောကြားပါတယ်။ ဒါကြောင့် ဥရောပ တည်ငြိမ်ရေး ယန္တရား (အီးအက်စ်အမ်)ကို အကောင် အထည်ဖော်ရေးက နှစ်လခွဲခန့် ကြန့် ကြာဦးမဲ့သဘော ဖြစ်ပါတယ်။             Source.Xinhuaဟောင်ကောင်    ကမ္ဘာပေါ်မှာ မင်မိုရီချစ်ပ်များ ထုတ်လုပ်ရာမှ ဒုတိယ အကြီးဆုံး ဖြစ်တဲ့ SK Hynixine က ထုတ် လုပ်နေတဲ့ PC များ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ DRAM ချစ်ပ်တွေ ရဲ့ဈေးနှုန်းတွေ ကျလာတဲ့အတွက် ကုမ္ပဏီဝင်ငွေကျဆင်းလာနိုင်ကြောင်း ဇူလိုင် ၁၉ ရက်က ပြောပါတယ်။ကုမ္ပဏီရဲ့  PC DRAM   ဈေး ကွက် ပြန်လည် နာလန်ထူတာ နှေးတဲ့ အတွက် ကုမ္ပဏီဝင်ငွေ ကျဆင်းမှု ကြောင့်အဆင့်သတ်မှတ်ရေးအေဂျင်စီ  Macquarie  ကကုမ္ပဏီရဲ့ အဆင့်ကို လျှော့ချသတ်မှတ်ခဲ့ပါတယ်။ Source.yonhapnews.com   ဖနွမ်းပင်    တောင်တရုတ်ပင်လယ် အငြင်း ပွားမှုနဲ့ ပတ်သက်ပြီး အရှေ့တောင် အာရှ နိုင်ငံများ သဘောတူညီမှု နီး ကပ်လာပြီ ဖြစ်ကြောင်း ကမ္ဘော ဒီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေး နွေးပြီးတဲ့နောက် အင်ဒိုနီးရှား နိုင်ငံ ခြားရေးဝန်ကြီး မာတီနာတာလီဂါဝါ က ဇူလိုင် ၁၉ ရက်ကပြောပါတယ်။အာဆီယံ နိုင်ငံများက ဖနွမ်းပင်မြို့ အစည်းအဝေးမှာ အငြင်းပွားမှုနဲ့ ပတ်သက်တဲ့ ဘုံရပ်တည်ချက်ကို မရ နိုင်ခဲ့တဲ့နောက်ပိုင်း အင်ဒိုနီးရှားက ကြားခံအနေနဲ့ ညှိနှိုင်း ဆောင်ရွက် ခဲ့ပါတယ်။ Source:  AFPပေကျင်း    တရုတ်ဘဏ်တွေက အိမ်ခြံမြေ ကဏ္ဍမှာ ငွေထုတ်ချေးတာကို လျှော့ ချပြီး အသေးစားနဲ့အလတ်စား စီးပွား ရေးလုပ်ငန်းတွေကို ချေးငွေတွေပိုမို ထုတ်ချေးခဲ့ကြောင်း တရုတ်ဗဟို ဘဏ် ရဲ့အစီရင်ခံစာမှာ ဇူလိုင် ၁၉ ရက်က ဖော်ပြထားပါတယ်။ဘဏ် လုပ်ငန်း အရပ်ရပ်က အသေးစား စက်မှုလုပ်ငန်းတွေမှာရရန်ရှိတဲ့ ကြွေး ကျန်က ဇွန်လကုန်မှာ ယွမ် ၁၀ဒသမ ၈၇ ထရီလီယံ (ဒေါ်လာ ၁ဒသမ ၇ ထရီလီယံ) ရှိပြီးနှစ်အလိုက် ၂၁ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ ကြောင်း တရုတ်ဗဟိုဘဏ် အစီရင်ခံ စာမှာ ဖော်ပြထားပါတယ်။Source:  Xinhua