Main menu

Background

အင်ဒိုနီးရှားနိုင်ငံက ဘူမိအပူစွမ်းအင် ရင်းနှီးမြှုပ်နှံမှုကို အားပေး

Wed, 07/25/2012 - 07:57 -- Anonymous (not verified)

    အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ ကြွယ်၀ လှတဲ့ ဘူမိအပူသယံဇာတများကို ဆောင်ရွက်လာအောင် အင်ဒိုနီးရှား အစိုးရက ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်မှု များကို ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူများရဲ့ပြောကြားချက်ကို ပြည်တွင်းမီဒီယာများတွင် ဇူလိုင် ၁၈ ရက်က ကိုးကား ဖော်ပြပါတယ်။ အင်ဒို နီးရှားအစိုးရက ဘူမိစွမ်းအင် စက်ရုံတွေ အတွက် ကြိုတင်ပေးငွေ (Feed-in-tariff)  အစီအစဉ်ကို မူလက ကီလိုဝပ် နာရီ တစ်ယူနစ်ကို ၉ ဒသမ ၇ ဆင့်ပေး ရာမှ ၁၀ ဆင့်မှ ၁၇ ဆင့်အထိ တိုးပေး ပြီး ဘူမိအပူစွမ်းအင် စီးပွားရေးလုပ်ငန်း များ အတွင်းသို့ စီးပွားရေးလုပ်ငန်းတွေ ဝင်လာအောင် ဆွဲဆောင်ခဲ့ကြောင်း ဂျာကာတာပို့စ် သတင်းစာမှာ ဖော်ပြ ထားပါတယ်။    "တကယ်လို့ ဘူမိအပူစွမ်းအင်က ထွက်တဲ့ လျှပ်စစ်အတွက် ကီလိုဝပ်နာရီ တစ်ယူနစ်ကို ကိုးဆင့်ပဲ သတ်မှတ်တယ် ဆိုရင် လောင်စာစွမ်းအင်နဲ့ ထုတ်တဲ့ လျှပ်စစ်ဈေးနှုန်းရဲ့ ငါးပုံတစ်ပုံပဲ ရှိပါ တယ်" လို့ အင်ဒိုနီးရှားစွမ်းအင်နဲ့ တွင်း ထွက်သယံဇာတ ဝန်ကြီးဂျာရိုဝါဆစ်က ပြောပါတယ်။    နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လောင် စာဆီသုံး စွမ်းအင်ရဲ့ လက်ရှိဈေးနှုန်းက ကီလိုဝပ်နာရီတစ်ယူနစ်ကို ၃၅ ဆင့်က ၄၅ ဆင့်ကြားမှာ ရှိပါတယ်။ လုပ်ငန်း တိုင်းတာမှု ကာလမှာ အခွန်သက်သာ ခွင့်လို တခြားဆွဲဆောင်မှုတွေကို ရင်းနှီး မြှုပ်နှံသူတွေအတွက် အစိုးရက ပေးဦး မှာဖြစ်ကြောင်း ဝန်ကြီးကပြောပါတယ်။ အင်ဒိုနီးရှားရှိ ဘူမိ အပူစွမ်းအင် ထုတ် လုပ်ရေး နယ်မြေရှစ်ခုအတွက် ရင်းနှီး မြှုပ်နှံမှု လေလံတင်ဒါများကို အစိုးရက ခေါ်ယူထားပါတယ်။ Source.xinhua